အခန်း (၂၀၁): သမုဒ္ဓရာကြီးက...
ဒေါက် ဒေါက်။
Cale သည်မြန်ဆန်စွာ ကျောက်တုံးလှေကားမှတစ်ဆင့် အောက်သို့ဆင်းလိုက်သည်။ သူ့ဘေး၌ရှိနေသော Basen Henituse သည် သူနှင့်အတူလျှောက်ရင်း တင်ပြစရာရှိသည်အားတင်ပြနေ၏။
"အရှေ့မြောက်သမုဒ္ဓရာရဲ့ပထမနယ်နိမိတ်ဆီက ရန်သူ့သင်္ဘောတွေကို ဝေလငါးမျိုးနွယ်စုက တွေ့ ခဲ့တာပါ"
အရှေ့မြောက်ဘက်သမုဒ္ဓရာရေလမ်းကြောင်း၏ပထမနယ်နိမိတ်။
အနှီတည်နေရာမှာ Norland တိုင်းပြည်နှင့်အလင်းမဲ့တောအုပ်ကြားမှနယ်နိမိတ်ထိစပ်ရာနေရာပင်။
"သူတို့က အတော်လေးကို အမြန်ကြီးရွေ့နေကြတာမို့ နောင်နှစ်ရက် သုံးရက်လောက်နေရင် Roan ဆီရောက်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်"
Basen သည် အကျိုးအကြောင်းအား ပြောပြတင်ပြရင်းဖြင့် သူ့အစ်ကိုအား ဆက်တိုက်အကဲခတ်နေမိသည်။
'သူကသွေးတွေကိုတောင်မသုတ်ရသေးဘူး....!'
Cale မှာသွေးတို့ဖြင့်ပေကျံရက်သား လမ်းလျှောက်လို့နေ၏။ တိုက်ပွဲမှာ အစောနလေးကမှပြီးထားသော်လည်း Cale မှာ အနားယူခြင်းမရှိ လှုပ်ရှားသွားလာနေတာကို မြင်ရတော့ Basen သည်အံကိုကြိတ်ရင်း သူတင်ပြစရာရှိသည်အား ခပ်မြန်မြန်ပြောကြားလိုက်သည်။
"Ubarr နယ်မြေသခင်မကြီး နဲ့ Gilbert နယ်မြေသခင်ကြီးကိုယ်စားပြုတို့က အခုတပ်ကူတောင်းထားပါတယ်"
Cale သည် Basen ၏တင်ပြချက်အားနားထောင်ရင်းစကားပြောလာ၏။
"အရှင့်သား"
• "...အင်း"
Basen မှာလက်ထဲ၌ရုပ်သံဆက်သွယ်ရေးစက်အားကိုင်ထားဆဲ။
ယင်းစက်သည်အိမ်ရှေ့စံ Alberu Crossman နှင့်တိုက်ရိုက်ချိတ်ဆက်လို့ထား၏။
သူ၏အဖေ မြို့စားကြီး Deruth Henituse သည် အခုကို အရှေ့မြောက်နယ်မြေမှမျိုးရိုးမြင့်များ အပါအဝင် တစ်တိုင်းပြည်လုံးမှမျိုးရိုးမြင့်များနှင့်ထိပ်တိုက်တွေ့ နေ၏။
VOCÊ ESTÁ LENDO
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Fantasiaအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...