အခန်း (၂၀၅): အတုံ့အလှည့်
စစ်သားလေးတစ်ဦးသည် ရင်လေးစွာသူ၏လှံတံအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် လှေကားပေါ် တက်လိုက်သည်။
ဒေါက် ဒေါက် ဒေါက်။
ဤခိုင်ခံ့လှသော ကျောက်လှေကားထစ်များပေါ် သို့ သူသည် မရေတွက်နိုင်အောင် နှစ်ပေါင်းများစွာ နင်းလျှောက်ဖြတ်သန်းခဲ့ဖူးလေသည်။ သို့သော် ၎င်းလှေကားထစ်များပေါ် တက်နေရင်း သူ၏မျက်နှာအမူအရာမှာ ပုပ်သိုးနေသော အစားအစာအား စားမိသကဲ့သို့ ရှုံ့တွမှောင်ကုတ်နေ၏။
'ဒီတိုင်းဘာလို့လဲ?!'
သူ့ရှေ့၌ရှိနေသော စစ်သားတစ်ဦး၏ပခုံးအကျော်ကနေမှ အပြင်ဘက်သို့ သူလှမ်း၍မြင်နေရ၏။
ထို့နောက် သူသည်ထွက်ပေါက်ကနေမှထွက်လိုက်၏။
ဝှီး — ။
အေးမြလှသော လေအဝှေ့တစ်ချက်သည် သူ၏ပါးပြင်နှစ်ဘက်အား ရှပ်ဖြတ်တိုက်ခတ်သွား၏။
သူ့အရှေ့၌ ဟင်းလင်းပြင်ကျယ်ကြီးတစ်ခုရှိနေသည်ကိုလည်းသူတွေ့ နေရ၏။
လီယိုနာရဲတိုက်။
ဤရဲတိုက်ကြီးအား ဝန်းရံနေသော တာဝါမျှော်စင်သုံးခုလည်း ရှိနေသည်။ တောင်ပိုင်းတာဝါ၏ရဲတိုက်တံတိုင်းပေါ် ၌ တာဝန်ကျသော စစ်သားလေးသည် ကွေးကုပ်သွား၏။
'အင်ပိုင်ယာ နဲ့ အလယ်ပိုင်းနေရာတွေအစား ဘာလို့ Roan တိုင်းပြည်ဘက်အခြမ်းကိုမှ ငါကျရတာလဲ?!'
စစ်သားလေးမှာ တောင်ပိုင်းတာဝါ၌တာဝန်ကျသော စစ်သားအချို့ထဲမှတစ်ဦးဖြစ်သည်။ သူတို့နှင့်တင် လုံလောက်သည်ဟူ၍ Roan တိုင်းပြည်သည် ပြောကြားခဲ့သော်ညား ဗဟိုတပ်အင်အားစုဆီမှ ညွှန်ကြားချက်တို့ ပြန်လည်သတင်းပေးပို့ရန်အတွက် စစ်သားအနည်းငယ်လိုအပ်ကြောင်း တောင်းဆိုလာခဲ့သည်။
စစ်သားလေး၏အဓိကတာဝန်မှာ သတင်းတို့ပေးပို့ပြန်ကြားရန် နှင့် တခြားအထွေထွေကိစ္စရပ်တို့အား ဆောင်ရွက်ရန်ဖြစ်သည်။ ဒါပေါ့ လိုရမယ်ရ သူ့လက်တွင်တော့ လှံတံတစ်ချောင်းရှိနေသည်။
YOU ARE READING
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Fantasyအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...