သူမှာငှက်တစ်ကောင်ပမာ။
သည့်အပြင် ယင်းငှက်သည် သားကောင်တစ်ကောင်အား သုတ်ချီရန်ချိန်ရွယ်နေ၏။
Choi Han ၏ခန္ဓာကိုယ်သည် မြေပြင်သို့တစ်ရှိန်ထိုးဆင်းသွား၏။
"မျိုးမစစ်ကောင် နောက်ဆုံးတော့ မင်းကိုမြင်ရပြီပဲ!"
ရှေ့တန်းသင်္ဘောဆီမှ ဝက်ဝံညိုကြီးသည် Choi Han အားတွေ့ မြင်ပြီးနောက်တောင်မှ မတုန်လှုပ်သွား။ ပြောရလျှင် သူသည် Choi Han အားစောင့်ဆိုင်းနေသကဲ့သို့ အော်ဟစ်လာ၏။
"ဒီသင်္ဘောကို မင်းရဲ့အမှုန်အမွှားအရောင်အဝါနဲ့ ဖျက်စီးလို့ရမယ်များထင်နေလားကွ!"
၎င်းဝက်ဝံညိုကြီး ယုံကြည်ချက်အခိုင်အမာရှိနေရခြင်းမှာ အကြောင်းရှိ၏။
Henituse နယ်မြေမှ အသက်ရှင်လျက်ပြန်လာနိုင်ခဲ့သူဆိုလို့ နဂါးလိုက်မုဆိုးအတု Syrem တစ်ယောက်သာရှိသည်။ Roan တိုင်းပြည်နှင့်ရေကြောင်းတိုက်ပွဲမဖြစ်မီ သူပေးပို့ခဲ့သော သတင်းအရဆိုလျှင် Choi Han ၏အရောင်အဝါမှာ နှစ်မီတာထက်ပိုပြီးမကျော်နိုင်ဟူ၍။
ထို့ကြောင့်ပဲ သူ၏အရောင်အဝါထက် အကြိမ်ပေါင်းများစွာ အရွယ်အစားကြီးမားသော ဤသင်္ဘောကြီးအား ပိုင်းဖြတ်နိုင်ဖို့ဆိုသည်မှာ ဘယ်လိုမှကိုမဖြစ်နိုင်ပေ။
ဘေးနှစ်ဘက်နှစ်ချက်ရှိ ဘီးများဆက်တိုက်လည်နေသ၍ သင်္ဘောကြီးမှာ ရပ်တန့်သွားမည်မဟုတ်လေ။
"ငါ့သူငယ်ချင်းတွေကို သတ်ပစ်ခဲ့တဲ့ ဒီ Henituse ကောင်စုတ်တွေကို ကျိန်းသေငါရအောင်အသေသတ်ပစ်မယ်"
Roan တိုင်းပြည်ဘက်သို့ဦးတည်လာနေသော သင်္ဘောများတို့ပေါ် ၌ ဝက်ဝံညိုများသာ ပါလာ၏။ ထိုသူများမှာ Henituse နယ်မြေအား တိုက်ခိုက်ခဲ့သော ဝက်ဝံများနှင့်မျိုးနွယ်စုတစ်စုတည်းမှဖြစ်၏။
ပေါက်ကွဲအဆင့်ရှိဝက်ဝံညို၏လက်မောင်းပေါ် မှသွေးကြောများမှာ အထင်းအရှားပေါ် ထွက်လာ၏။
မြေပြင်ပေါ် ၌ရှိနေသူ နှင့် မြေပြင်ပေါ် သို့ဆင်းလာသူ။
BẠN ĐANG ĐỌC
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Viễn tưởngအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...