အခန်း (၂၂၀): မစိုးရိမ်လေနဲ့
'အားနည်းတယ်?'
'အတိုက်အခိုက်မှော်ပညာကိုပဲတတ်တယ်?'
Cale သည်မျက်မှောင်ကြုတ်သွား၏။
နဂါးသွေးနှော။
ယင်းကဲ့သို့ ဖြစ်တည်မှုအကြောင်းအား ပထမဆုံးအကြိမ်အနေနှင့် အခုသူကြားဖူးခြင်းပင်။
တစ်ချိန်တည်း၌ စိတ်ကူးယဥ်ဇာတ်လမ်းပေါင်းသောင်းခြောက်ထောင်မျှ ဖတ်ခဲ့ဖူးသော ဝါရင့်စာဖတ်သူတစ်ဦးအနေနှင့် သူ၏မသိစိတ်တို့မှာ သူ့အား အသိပေးပြောကြားနေခဲ့သည်။'နဂါးသွေးနှောက အားနည်းစရာ ဘာစောက်ကြောင်းမှမရှိဘူး'
'စိတ်ကူးယဥ်ဇာတ်လမ်းတွေ တော်တော်များများရဲ့ ဖိုင်နယ် ဘော့စ် ဆရာ့ ဆရာကြီးဆိုရင် အမြဲနဂါးသွေးနှောကောင်တွေချည်း မဟုတ်လား?'
Cale ၏မျက်နှာအမူအရာတို့သည် သူန်မှုန်လာသည်။
သူသည်ချက်ချင်းပင်စကားဆို၏။
"Choi Han! Mary! ထပ်လုပ်ဦး!"
Choi Han သည် လေထဲခုန်ပျံတက်ရန်အတွက် ချက်ချင်းနောက်သို့တစ်လှမ်းဆုတ် ဝိုင်ဗန်ကြီး၏ကျောရိုးအား ခြေကုပ်ယူရန် အားဖြင့်ကန်လိုက်သည်။ Choi Han စီးလာခဲ့သော ဝိုင်ဗန်ကြီးသည် သူ့အား ပံ့ပိုးကူညီပေးရန် ပြန်လာသည်။
"Raon...အဲ့သူတောင်းစား ထွက်ပြေးလို့မရအောင်လို့ ဒိုင်းတွေကိုပိုပြီးထူထူလုပ်!"
"ကောင်းပြီ ဟူးမန်း!"
ရေပြင်တစ်ဝိုက်အား ကြည့်နေရင်း ငွေရောင်ဒိုင်းကာမှာ အရင်ကထပ် ပိုမိုထူထူထဲထဲဖြစ်လာနေသည်ကို Cale တွေ့ နေရ၏။
လူးလွန့်နေသော သမုဒ္ဓရာလိူင်းလုံးများနောက်လိုက်၍ သင်္ဘောတို့မှာ ခုတ်မောင်းနေဆဲ။ သို့သော် ထိုထဲ၌ မသင်္ကာစရာတစ်ခုကို သူသတိထားမိသွားခဲ့သည်။
'...ဒီမှာတစ်ခုခုတော့ရှိနေတယ်'
သူ၏ဒိုင်းကာကြီးပေါ် လာတည်းက ကမ်းစပ်ရှိသင်္ဘောများမှာ သမုဒ္ဓရာရေနက်ထဲသို့ ထွက်မလာကြ။
![](https://img.wattpad.com/cover/376223251-288-k293575.jpg)
ВЫ ЧИТАЕТЕ
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Фэнтезиအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...