အခန်း ၂၂၇ : ဒါပေမဲ့ ဒီမှာပိုပြီးဇိမ်ကျသလားလို့?
သို့သော်လည်း ကျောက်တိုင်ကြီးဘက်သို့ မျက်နှာမူလိုက်သော Cale သည်လက်မလျော့သေး။
သူသည် ကြီးမားလှသော ကျောက်တိုင်ကြီးနှင့်တကွ ပတ်ပတ်လည်မြေပေါ် က အနီရင့်ရောင် မှော်စက်ဝန်းကိုပါ ကြည့်မိသည်။ ထိုသည်သာမက ပျက်စီးနေသော ချိန်းကြိုးများကိုပါ ကြည့်မိသည်။
"...ချိန်းကြိုးတွေကိုပြောတာမလား?"
Cale သည်ပြုံးရယ်လို့လာသော Eruhaben ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဟင့်အင်း ဒီကျောက်တိုင်ကြီးကိုပြောတာ"
'ဘယ်လိုတောင် အဆင်အခြင်မဲ့တဲ့ ရှေးဟောင်းနဂါးကြီးလဲ!'
"ဒါမှ ရွှေဘိုးဘိုးကြီး! ရှိသမျှအကုန်လုံးကို ဖျက်စီးကြစို့!"
'နဂါးတွေအကုန်လုံးက ဒီလို ဖျက်စီးပစ်ရတာကြိုက်တာပဲလား?'
Cale သည် အတောင်ပံတို့အား တဖျတ်ဖျတ်ခတ်လို့နေသော Raon၊ အခုအခြေအနေအား သဘောခွေ့နေသော အရူးဘုန်းတော်ကြီး Cage၊ တကြွကြွဖြစ်နေသလို လက်သီးအား ဆက်တိုက် ဆုပ်လိုက်ဖြန့်လိုက်လုပ်နေသော ဓါးရေးဆရာ Hannah နှင့် စိတ်ပူနေသော Jack တို့အား သက်ပြင်းတစ်ချက်ချရင်း ဝေ့ကြည့်လိုက်ကာ စကားစပြောသည်။
'ဒီမှာ ပုံမှန်ဆိုလို့ ငါပဲရှိတာပဲ'
"အဲ့လိုလုပ်လိုက်တာကနေ ဟိုဘက်အခြမ်းက အကောင်ကြီးတွေ ဒီကိုရောက်လာရင်ရော Eruhaben-nim?"
သန္ဓေပြောင်းမကောင်းဆိုးဝါးအကောင်ကြီးတို့မှာ အလင်းမဲ့တောအုပ်ထဲ၌ အတော့်ကိုပေါ၏။
ထိုသည်အား သူလေ့လာကြည့်လိုက်တော့ ၎င်းအကောင်ပလောင်တို့မှာ ဤလမ်းကြောင်းကိုအသုံးပြု၍ အနောက်ဘက်ဒေသကြီးဆီသို့ ရောက်ချလာသော အရှေ့ဘက်ဒေသကြီးမှအကောင်တို့ဖြစ်နေလေသည်။
မဟာကျောက်ခဲသည် ဤမြေအောက်ရင်ပြင်တွင်း၌ ဗီလာတစ်လုံးဆောက်လုပ်ခဲ့သလို ယင်းလမ်းကြောင်းအား ချိတ်ပိတ်ဖို့အတွက် ကျောက်တိုင်ကြီးများကိုပါ ချထားခဲ့သည်။ ထို့ကြောင့်ပဲ အကယ်၍ သူတို့တွေ စည်းတံဆိပ်ကိုဖျက်စီးလိုက်ပါက ယင်းအကောင်ကြီးတို့ထပ်မံ ကူးလူးလာမည်မှာ ဖြစ်နိုင်ချေရှိပြီး...

DU LIEST GERADE
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Fantasyအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...