"ညီမလေးက အဲ့လောက်ကြီးမကြိုက်ဘူး"
ဟုဆိုကာ ကောင်လေးကိစ္စကိုမဖြေဘဲ စကားလွဲလိုက်ကာ အအေးဘူးကိုယူလိုက်သည်"အဘိုးထားခဲ့ပေးတဲ့ပိုက်ဆံက အမေ့ဆီမှာ အကို အသုဘပီးမှ အမေ့ဆီကတောင်းပေးမယ်နော်"
"ညီမလေး အတွက်မလိုပါဘူး ပီးတော့ ထုံးစံအရ အသုဘပီးသွားရင်က ပြန်ပီးခွဲပေးရတာမလား ညီမလေးဝေစုကို ဒေါ်လေးကိူပဲပေးလိုက်ပါ"
"အဲ့လိုလုပ်လို့မရဘူး" ရှရှ အဒေါ်လည်း အခန်းထဲကထွက်လာကာ ဝင်ပြောလေသည်
"တကယ်လို့ အဲ့ပိုက်ဆံမယူဘူးဆိုရင် သမီး အဘိုးအဘွားထားခဲ့တဲ့ အိမ်ကို အသုဘပီးရင်ဒေါ်လေးရောင်းလိုက်မယ် ရောင်းလို့ရတဲ့ပိုက်ဆံကို သမီးကိုပေးမယ် အမှန်တော့ အဲ့အိမ်ကလည်း သမီးအဖေဝယ်ပေးခဲ့တဲ့အိမ်ပဲ"
ရှရှ သူမအဖေကိုပြောတော့ အရင်က အဲ့အိမ်ကိစ္စနဲ့ပတ်သက်ပီး အမေနဲ့ အဖေ ရန်ဖစ်ကြတာကိုသတိရသွားသည်
အဖေဆုံးသွားတော့လည်း အမေနဲ့တူတူ အဘိုးအဘွားရှိတဲ့ အဲ့အိမ်ကိုလာခဲ့ပေမယ့် ဂြိုလ်ကောင်မဟုပြောကာ နှင်ထုတ်ခံခဲ့ရသည်
"အဲ့ဆို ရောင်းလိုက်ပါ ဒေါ်လေး ပီးတော့ အိမ်ကဟောင်းနေပီးဆိုတော့ ရောင်းလည်း ပိုက်ဆံသိပ်ရမှာမဟုတ်ဘူး ရောင်းလို့ရတဲ့ပိုက်ဆံကိုဒေါ်လေးတဝက်ယူပီး လင်ရှန်အကို မဂလာဆောင်တဲ့ အချိန်ကျရင်ထည့်သုံးပေးပါ"
"အဲ ညီမလေး အကိုမဂလာဆောင်တော့မှာဘယ်လိုသိတာလဲ"
"အကို profileထားထားတဲ့ပုံက coupleပုံလေ"
ရှရှ အနည်းငယ်ပြုံးလိုက်ကာ
"ကျန်တာကတော့ ညီမလေးမှန်းလိုက်တာ"လင်ရှန်အမေ ရှရှငယ်ငယ်ကနဲ့မတူတော့ဘဲ ပြောင်းလဲသွားတာကြောင့် အနည်းငယ်စိတ်ပူကာ
"ရှရှ ဒါမှမဟုတ် သမီးအမေနဲ့ တိုင်ပင်ကြည့်ပါဦးလား"ရှရှ ပြုံးနေရာကနေ တည်လိုက်ကာ အပြင်ဘက်မိုးမှောင်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပီး
"မလိုဘူး သူနဲ့ သမီးအဖေနဲ့က ဘာမှမဆိုင်တော့ဘူး"နှစ်ကူးနေ့က သူမ အမေကို blockလိုက်ကာ လုရန်ကလည်း သွားပြောထားတာကြောင့် အဲ့နေ့ကစပီး မဆက်လာတော့ပေ
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...