20(Unicode)

22 1 0
                                    

''ဟွမ်ကျောက်ရန်.....အကိုတော်.......''

''မင်းသား၃.........''

တဖြေးဖြေးညနက်လာလေပြီ။ ယခုချိန်ထိရှာမတွေ့သေး။ လမ်းတစ်လျှောက်တွင်လည်း ဝိဥာဥ် တစ္စေများအား နှိမ်နှင်းခဲ့ရလေသည်။ တောနက်လေ ပိုများလေ ပိုပင်ပန်းလေဖြစ်လေသည်။

''သူဘယ်ကိုများရောက်သွားတာလဲ......တခုခုများဖြစ်နေတာလား.......ဆိုင်းရက်စ်ကို အကြောင်းကြားမှဖြစ်မယ်.......''

''မင်းသား၇.......အဲ့လောက်စိတ်မပူပါနဲ့.....ဘာမှမဖြစ်လောက်ပါဘူး.....ကျတော့်လိုဘဲလူကွဲသွားတာနေမှာပါ......''

စိတ်ထဲမှာ ထူးဆန်းစွာပင် တခုခုကိုခံစားမိနေလေသည်။ သူသတိမမေ့ခင် အနက်ရောင်ဝတ်ရုံနဲ့လူကိုမြင်လိုက်ရသေးသည်လေ။

''အကိုတော်၃တစ်ခုခုဖြစ်နေတယ်.......အန္တရာယ်ရှိနေတယ်......''

ရှစစ်ဝေ က သူ့အား စိတ်သက်သာရာရစေရန် သူ့အားသကြားလုံးထုတ်ကျွေးလေသည်။

''မင်းသား၇ အပြင်ကလူကိုအကြောင်းကြားမယ်ဆိုရင် ပွဲတော်ရပ်ရင်ရပ်.....မဟုတ်ရင်......မင်းသား၇ ပွဲထဲကထုတ်ခံရလိမ့်မယ်.....''

''အကိုတော်၃က ပိုအရေးကြီးတယ်........''

ဘယ်လိုဘဲပြောပြော ဘယ်လောက် ရန်ဖြစ်ဖြစ် သွေးသားရင်းမိသားစုပင်။

''ဒါဆိုလည်း ဆက်ရှာရအောင်.....မနက်ဖြန်နေ့လည်မှမတွေ့သေးရင်.......ကျတော်တို့အကြောင်းကြားကြတာပေါ့.......''

ထိုစကားအား မင်းသား၇ က လက်မခံနိုင်ပေ။ အခုကိုပင် အတော်စိတ်ပူနေရပြီ။ ရှာနေချိန်အတွင်း တစ်ခုခုဖြစ်သွားခဲ့လျှင်.......။

''ကဲ.....လာပါမင်းသား၇ ရယ်......''

မင်းသား၇လက်အား ဆွဲကာ ရှေ့သို့ဆွဲခေါ်လာမိသည်။ သူသိသည်။ ဆက်သွားလျှင် ဝိဥာဥ်တော၏ တားမြစ်သည့်အပိုင်းသို့ရောက်တော့မည်။ ဝိဥာဥ်အများစုက ထိုပတ်လည်မှာရှိနေတတ်သည်။ တားမြစ်အပိုင်းထဲသို့ မသွားပေမယ့် ထိုအနီးအနားရှိ ဝိဥာဥ်များဆီကိုတော့ သူအလည်သွားချင်သည်။

သူ့ချစ်သည်းညှာက ဗျပ်စောင်းရအောင်ယူလာရန်ခိုင်းစေလိုက်သည်လေ။ သူ့လမ်းတွင် မည်သူ့ကိုမှပိတ်မနေစေချင်ပါ။ ဒါ့ကြောင့် မင်းသား၇ အား ပွဲတော်ကိုမဖျက်စီးရန် ဆွဲခေါ်လာခြင်းဖြစ်သည်။

The Secret Of Red Rose (Complete)Where stories live. Discover now