🩺Dear uncle doctor(အပိုင်း-၄၈)🩺

220 7 0
                                    

"အင်းနော် ကိုကိုပြောတာဟုတ်တယ်"ဟုဆိုကာ မျက်လုံးမှိတ်ကာ အိပ်လိုက်တော့သည်

လုရန် ရှရှ အိပ်နေတာကိုကြည့်လိုက်ကာ လက်ကို အနည်းငယ်တင်းလိုက်ကာ ရှရှကို ဖတ်ထားလိုက်သည်

ညတိုင်း ရှရှကို ရင်ခွင်ထဲထည့်ပီး အိပ်ရတဲ့ညတိုင်းဟာ လုရန်အတွက်တော့ ကောင်းကောင်း အိပ်ပျော်တဲ့ရက်တွေပင်ဖစ်သည်
-
-
-
ရန်ဆရာမ ဆေးရုံဆင်းတဲ့ရက်ကြတော့ ရှရှ ရောက်လာကာ ရန်ဆရာမ ပစ္စည်းတွေကို ကူသိမ်းပေးနေသည်

ချန်ရှောင် ဝင်လာကာ ရန်ဆရာမကို မှာစရာရှိတာနဲ့ သတိပြုစရာတွေကိုမှာနေကာ ရန်ဆရာမ သားကိုမတွေ့တာကြောင့်မေးလိုက်သည်

"ရန်ဆရာမ ဆရာမသားရော"

"သူ့အောက်မှာ ကားသွားရပ်နေတယ်"

"သားတို့ သမီးတို့အားလုံးကို ကျေးဇူးတင်တယ်နော်"

"ရန်ဆရာမ အိမ်ပြန်ရောက်ရင်လည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ရမယ်နော် ဒါမယ့် အရမ်းအလွန်အကျွံတော့ မလုပ်ရဘူး ပီးတော့ ပုံမှန် ရက်ချိန်းတိုင်းဆေးရုံလာပီး စစ်ဆေးရမယ်နော် nurse ဆရာမကို ပြောပီးပီလား"

"ပြောတယ် ပြောတယ်"

ရှရှ ရန်ဆရာမရဲ့ အကျီတွေနဲ့ နေ့စဉ်သုံးပစ္စည်းအချို့ကို အိတ်ထဲထည့်နေရင်းနဲ့
"ရန်ဆရာမ သမီး ဆရာမအတွက် လတိုင်း နွားနို့ပို့ခိုင်းထားတယ်နော် ဆရာမ အမြဲမပြတ်ပဲသောက်နော်"

"ဒီကလေး ဘာလို့ ပိုက်ဆံတွေဖြုန်းနေတာလဲ ဘယ်လောက်ကျလဲ ဆရာမပြန်ပေးမယ်"

"ရန်ဆရာမ နေ့တိုင်း နွားနို့တပုလင်းနဲ့ကြက်ဥတလုံးပုံမှန်စားပေးရမယ် ပီးတော့မှ ရှရှ ဝယ်ပေးထားတာ ကုန်မှ ကိုယ့်ကို ပြန်ဝယ်လည်း တူတူပဲလေ"

ချန်ရှောင် ဝင်ပီးပြောပေးလိုက်သည်

"ဟုတ်တယ် သမီး တနှစ်စာ ပိုက်ဆံပေးပီးသား တနှစ်ပြည့်ပီးသွားတဲ့အချိန်ကြရင် သမီး ဆရာမကို ဖုန်းနံပါတ်ပေးမယ်"

ရှရှ ပြောပီးနောက် ချန်ရှောင်ကို ပြုံးပြလိုက်သည်

"ဆရာမ လိမ်လိမ်မာမာနေနော် နောက်တနှစ်နေလို့ လာပီး သံချောင်းဖြူတ်ရင် ချန်ဆရာဝန်က စစ်မှာ"

Dear uncle doctor🩺(Complete)Where stories live. Discover now