''ကြေငြာချက်.....မင်တိုင်းပြည်မှ မင်းသား၃ ဟွမ်ကျောက်ရန်.....ပြိုင်ပွဲမှ ထွက်ခွာသွားပါပြီ.......''
''.........''-မင်းသား၃
''ကျတော်တို့ကတော့ ရှာလိုက်ရတာ.....တားမြစ်တဲ့နေရာတောင်ရောက်သွားသေးတယ်......ပြိုင်ပွဲကထွက်သွားတာတဲ့လား......ဘယ်လို....''
''မင်းပြောစရာအကြောင်းမရှိဘူး.......''
စိတ်တိုတိုဖြင့် ကြည့်လိုက်တော့ ဆက်မပြောတော့ချေ။ ဗျပ်စောင်းလိုချင်လှပါချည်ရဲ့ဆိုပြီးပြိုင်ပွဲကထွက်သွားတာက တစ်ခုခုကြောင့်များလား။ အနက်ရောင်ဝတ်ရုံနဲ့လူကြောင့်လား။ တိုက်ခိုက်ခံရတာလား။
''ဒါဆို.......ကျတော်တို့ ဆက်ပြီး ဝိဥာဥ်တွေကို လွတ်မြောက်အောင်လုပ်ကြမလား.....မင်းသား၃.....''
''ကောင်းပြီသခင်လေးရှ......''
သခင်လေးရှ နှင့်အတူ ဘေးခြင်းယှဥ်၍ လျှောက်လာကြသည်။
''မင်းသား၇........ဒီတိုင်းကြီးသွားနေရတာပျင်းဖို့မကောင်းဘူးလား......''
''သခင်လေးရှက ဘယ်လိုသွားချင်လို့လဲ......''
''စကားစမြည်ပြောကြရအောင်လေ.......တစ်ယောက်နဲ့တစ်ယောက်ပိုရင်းနှီးတာပေါ့.....''
''သခင်လေးရှက ရင်းနှီးချင်တယ်ပေါ့......''
''ဒါပေါ့......ခုချိန်မှာ ဘေးချင်းယှဥ်တိုက်ပွဲဝင်နေရတာဘဲလေ......''
ကြီးကြီးကျယ်ကျယ် ပြောတတ်ပေတယ်။ မျက်လုံးသာလှန်လိုက်မိသည်။ ဒီလောက်စကားများတဲ့ လူမတွေ့ဖူး။ ဒီလူ ဒီလောက်စကားများတာ မမသာ သိရင် ဒီလူကိုဆက်ပြီး ချစ်နေပါ့ဦးမလား။
''ဒါဆို သခင်လေးရှကဘဲစပြီးပြောပါဦး......''
ထိုအခါ သခင်လေးကရှက အသက်ကိုဝအောင်ရှူလိုက်သေးသည်။
''ပြောရမယ်ဆိုရင်.........×#$%*&*##....''
အချိန်အတော်ကြာကြာ ဝိဥာဥ်များအားဓားဖြင့်လိုက်ခုတ်ရင်း ရေပက်မဝင်ပြောနိုင်သည့် သခင်လေးရှရဲ့စကားကိုနားထောင်နေရလေသည်။ တကယ်ဆို သူကမင်းသားတစ်ပါးပဲ။ ရိုရိုသေသေဆက်ဆံရန်မလို။ သို့ပေမယ့်လည်း သူ့ပုံစံအတိုင်းပြောဆိုဆက်ဆံလိုက်လို့ ဒီလူက လူတကာကိုလိုက်ပြောရင်း ဦးရီးတော်နားသို့ ပေါက်ကြားသွားလျှင် သူတော့ ဒုက္ခရောက်ရချည်ရဲ့။
![](https://img.wattpad.com/cover/372382413-288-k266106.jpg)
YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ