|မိတ်ဆက်|
ချူရှစ်ယွီအဆုံးမဲ့ဂိမ်းထဲမတော်တဆကျရောက်သွားခဲ့သည်။ သူသိလိုက်ရတာက ပင်မဇာတ်ကြောင်းမှာနဂိုဆက်တင်အတိုင်းမသွားရုံတင်သာမက သူလည်းပဲ....မှောင်ရိပ်ခိုလျက်သူ့ကိုထောက်လှမ်းနေသည့်မကောင်းဆိုးဝါးတစ်ကောင်ပြီးတစ်ကောင်ကြုံတွေ့ခဲ့ရသည်။
Arc(1)--
ချူရှစ်ယွီနေခဲ့သည့်အိမ်မှာဖော်ပြမရအောင်မီးလောင်သွားခဲ့သည်။ သူဟာသူ့အိမ်နီးချင်း၏အိမ်အိုကြီးမှာသွားနေခဲ့ရသည်။ အိမ်နီးချင်းမှာသူ့ကိုဂရုစိုက်ပေးသည့်ခြွင်းချက်မရှိချောမောခန့်ညားသောအမျိုးသားတစ်ဦးဖြစ်ပေသည်။
သို့သော်ချူရှစ်ယွီညတိုင်းကောင်းကောင်းအိပ်မရ....
နောက်တော့အိမ်နီးချင်းအပြင်ခဏထွက်သွားတုန်း သူသူ၏ကွယ်လွန်သွားသောအဖွားအတွက်အမွှေးတိုင်သွားထွန်းပေးခဲ့သည်။ သူပြန်လာတော့သူ့အဖွားကသူ့ကိုအိပ်မက်ပေးကာထိုလူမှာသေပြီးသားဖြစ်ကြောင်းပြောလာခဲ့သည်။
အမျိုးသားမှာအမှန်တော့သူ့ကိုစွဲလမ်းနေသည့်မိစ္ဆာခင်ပွန်းပင်။
ချူရှစ်ယွီလန့်နိုးလာတော့ညမိုးမှာတဖျောက်ဖျောက်ရွာလျက်ရှိပြီး တံခါးခေါက်သံထွက်လာသည်။
သူမဖွင့်ရဲခဲ့။
တံခါးအပြင်ရှိဝတ်ရုံနက်နှင့်အမျိုးသားမှာအလျင်လိုပုံမရဘဲနူးညံ့စွာပြောလာခဲ့သည်။
"အားယွီ၊ မင်းယောကျ်ားကိုတံခါးဖွင့်ပေးလေနော်။"[ ကောက်ကျစ်စဥ်းလဲသောမိစ္ဆာဝိညာဥ်၊ ဒီဇာတ်လမ်းကသူများကိုအလွယ်လေးတံခါးမဖွင့်ပေးသင့်ကြောင်းပညာပေးလို့နေသည်။ ]
Arc(2)---
ချူရှစ်ယွီရေသူထီးတစ်ကောင်ကိုကယ်တင်ခဲ့သည်။
ရေသူထီး၏လှပသောအကြေးခွံများကအလင်းထဲတွင်ရောင်ပြန်ဟပ်လို့နေကာ အပြာရောင်မျက်ဝန်းတစ်စုံမှာလည်းအလွန်လှပလျက် သူ့ကိုမှောင်မိုက်ကာလောဘတကြီးအကြည့်နှင့်ဆက်တိုက်စိုက်ကြည့်နေပေသည်။
၎င်းမှာချူရှစ်ယွီတစ်ခါမှမမြင်ဖူးသည့်အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခုတည်း။ သူလက်လှမ်းကာထိကြည့်လိုက်မိပေမဲ့အကြေးခွံများကိုမခံစားမိဘဲ ထိုအစားသူ့လက်ဖဝါးထဲမှာနွေးထွေးသောအထိအတွေ့တစ်ခုကိုခံစားလိုက်ရသည်။ ရေသူထီးကသူ့ကိုနမ်းလိုက်ခြင်းပေ။
YOU ARE READING
မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။
Horrorချူရှစ်ယွီအဆုံးမဲ့ဂိမ်းထဲမတော်တဆကျရောက်သွားခဲ့သည်။ သူသိလိုက်ရတာက ပင်မဇာတ်ကြောင်းမှာနဂိုဆက်တင်အတိုင်းမသွားရုံတင်သာမက သူလည်းပဲ....မှောင်ရိပ်ခိုလျက်သူ့ကိုထောက်လှမ်းနေသည့်မကောင်းဆိုးဝါးတစ်ကောင်ပြီးတစ်ကောင်ကြုံတွေ့ခဲ့ရသည်။ [ တုံးအအအလှလေးရှို့ x ပိုင်ဆိုင...