Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၁၀)။
ချူရှစ်ယွီထပ်ခိုးဆီသွားရာတံခါးကိုတွနိးဖွင့်လိုက်တော့ မျက်နှာထက်တိုက်ခတ်လာသည့်လေအေးကြောင့်တုန်တက်သွားရသည်။ သူမနေနိုင်ဘဲသူ့ကိုယ်သူဖက်ကာသူ့အခန်းထဲလျှောက်ဝင်သွားလိုက်သည်။
ချင်ကျိကဒုတိယထပ်ကလှေကားမှာရပ်စောင့်ကာဘယ်လက်ထဲတွင်ရှေးခေတ်စတိုင်စောင်တစ်ထည်ကိုကိုင်ထားပုံကချူရှစ်ယွီအတွက်ပြင်ထားပုံပင်။
ချူရှစ်ယွီအရှေ့ခန်းမကမဟောဂနီရောင်နံရံကပ်စင်ရှေ့ကဖြတ်သွားတော့ကြမ်းပြင်ပေါ်ကအပြာနှင့်အဖြူရောင်ဖန်ကွဲစများကိုမြင်သွားကာမေးလိုက်မိသည်။
"ခင်ဗျားပန်းအိုးဘာလို့ကွဲသွားတာလဲ။""လွန်ခဲ့တဲ့ရက်အနည်းငယ်ကွဲသွားတာလေ။" ချင်ကျိဂရုမစိုက်ဘဲခေါင်းငုံ့ကာစောင်ကိုဖြည်းဖြည်းချင်းဖြန့်လိုက်သည်။
"မြန်မြန်တက်လာလေ၊ အားယွီ။ အအေးမမိစေနဲ့။"ချူရှစ်ယွီ"အိုး"ဟုဆိုကာလှေကားပေါ်တက်လိုက်သည်။ အေးစက်သောအခန်းကသူ့ကိုပို၍ပင်တုန်ရီသွားစေသည်။
သူချင်ကျိနှင့်အကြည့်ချင်းဆုံသွားကာ ဒုတိယထပ်ထပ်ခိုးကိုတက်သွားလိုက်သည်။
ထပ်ခိုးမှာပထမထပ်ထက်ပိုမိုရှေးဆန်ပြီး အတွင်းပိုင်းအခန်းတစ်ခုချင်းစီမှာကိုယ်ပိုင်ဝိသေသလက္ခဏာနှင့်အခုံးသဏ္ဍာန်များနှင့်အလှဆင်ထားသည်။ ချူရှစ်ယွီအခြေအနေတစ်ခုလုံးကိုကြည့်ရင်း ရှေးဆန်သောအငွေ့အသက်ကိုခံစားလိုက်ရပြီး ဒီစံအိမ်ကိုလွန်ခဲ့သောနှစ်ပေါင်းများစွာကဆောက်ခဲ့မှန်းပြောဖို့လုံလောက်သည်။
သူရပ်နေရင်း စပ်စပ်စုစုတစ်ချက်တစ်ချက်ရှိူးကြည့်လိုက်မိသည်။ နူးညံ့သောပိုးသားစောင်မှာသူ့ကိုယ်ပေါ်ခြုံထားပြီး ချင်ကျိကစောင်ကိုကိုင်ကာသူ့ကိုတင်းတင်းပတ်ပေးထားသည်။
ချူရှစ်ယွီမှာဒီအခိုက်အတန့်တွင်ဘောလုံးလေးနှင့်တူနေပြီး အဖြူရောင်စောင်ထူထူနှင့်ထုပ်ပိုးခံထားရသည်။
ချင်ကျိကသူ့ရှေ့မှာရပ်နေတော့ သူ၏အရပ်ရှည်ကာသွယ်လျသောပုံရိပ်ကသူ့ကိုအုပ်မိုးသွားဖို့လုံလောက်သည်။
YOU ARE READING
မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။
Horrorချူရှစ်ယွီအဆုံးမဲ့ဂိမ်းထဲမတော်တဆကျရောက်သွားခဲ့သည်။ သူသိလိုက်ရတာက ပင်မဇာတ်ကြောင်းမှာနဂိုဆက်တင်အတိုင်းမသွားရုံတင်သာမက သူလည်းပဲ....မှောင်ရိပ်ခိုလျက်သူ့ကိုထောက်လှမ်းနေသည့်မကောင်းဆိုးဝါးတစ်ကောင်ပြီးတစ်ကောင်ကြုံတွေ့ခဲ့ရသည်။ [ တုံးအအအလှလေးရှို့ x ပိုင်ဆိုင...