[၇] တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း။

150 46 1
                                    

Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၇)။

ချူရှစ်ယွီအရှေ့ခြံဝန်းကပိတ်ထားသောအရှေ့တံခါးကိုတစ်ချက်ကြည့်ကာခြေလှမ်းအနည်းငယ်ရှေ့တိုးပြီးပြောလိုက်သည်။ "ကောင်းပြီလေ။"

[တင်!]

[ကျပန်းတိုက်ရိုက်ထုတ်လွှင့်မှုအလိုအလျောက်စတင်ပါပြီ။]

[ပုံသေတိုက်ရိုက်ထုတ်လွှင့်မှုအချိန်: ၁နာရီ]

[ဘုရားရေ]

[ရောက်လာတာနဲ့ငါ့ကိုပြတော့တာပဲ]

[ဇနီးလေး အထဲဝင်သွားနေတာလား!!]

[ဒီရက်ပိုင်းဒီသရဲရဲ့ငါ့ဇနီးလေးအပေါ်သဘောထားကအများကြီးပြောင်းလဲသွားသလိုခံစားရတယ်၊ သူချစ်မိသွားလို့များလား ဟိဟိ]

[အားးးး ငါ့ဇနီးလေးဝင်မသွားပါနဲ့]

[မှောင်မိုက်တဲ့အခန်းသတိပေးချက်??]

သူတံခါးပေါ်လက်တင်ကာခပ်ပြင်းပြင်းတွန်းလိုက်တော့ တံခါးက"ကျွီ"ခနဲအသံရှည်ကြီးထွက်လာသည်။ အတွင်းပိုင်းမှာထူးခြားစွာအလှဆင်ထားပြီး ထူးခြားသောပုံစံနှင့်အခန်းများအဖြစ်ခွဲထားကာ အခန်းတစ်ခုချင်းစီမှာကျယ်ပြောပြီးအလှဆင်ထားသည်။

ဒီတိုင်းအလင်းကမှောင်လွန်းပြီး တိတ်ဆိတ်လွန်းလို့ သူကြားရသည့်တစ်ခုတည်းသောအသံမှာသူ့​ခြေသံများပင်။

ပင်မဝင်ပေါက်ကထပ်ခိုးဒုတိယထပ်ကလှေကားနှင့်မျက်နှာချင်းဆိုင်ထားသည်။ ချင်ကျိကသူ့ကိုစောင့်နေသည့်အလား ထောင့်ကလှေကားမှာရပ်နေသည်။ သူ့ပုံရိပ်တစ်ခြမ်းမှာအမှောင်ထဲတွင်ပုန်းကွယ်လျက် လေထုကိုနည်းနည်းထူးဆန်းသွားစေသည်။

ချူရှစ်ယွီအတွင်းခန်းကိုဝေ့ဝဲကြည့်လိုက်ပြီး နည်းနည်းမျက်စိကျိန်းသွားသည်။ သူတုံ့ဆိုင်းစွာ​ခြေလှမ်းအနည်းငယ်ရှေ့တိုးလိုက်သည်။ သူခုနကအပူကြောင့်ချွေးပြန်နေပေမဲ့ အခုတော့ထပ်ခိုးထဲဝင်ပြီးနောက်ပိုင်းရုတ်တရက်ကြီးကျောချမ်းလာသည်။

သူအအေးဓာတ်ကြောင့်မသိမသာတုန်သွားကာလက်ထဲကရေခဲချောင်းကိုစားဖို့မေ့သွားသည်။

မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။Where stories live. Discover now