[၁၅] တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း။

541 90 9
                                    

Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၁၅)။

နောက်တစ်နေ့မနက်စောစော။

ချူရှစ်ယွီနိုးလာတော့ပထမဆုံးလုပ်တဲ့အရာမှာစနစ်ကိုထိန်းချုပ်စာမျက်နှာဖွက့်ခိုင်းပြီး သူ၏ကိုယ်ပိုင်စာမျက်နှာဆီသွားခြင်းပင်။ သူ့ကိုယ်ပိုင်စာမျက်နှာပေါ်ရှိ အမျိုးမျိုးသောစံနှုန်းနှင့်ပွိုင့်များမှာအလွန်နိမ့်သည်။ သူကအသုံးပြုသူအသစ်ဆိုတာသိသာပေသည်။

[ကစားသမားအမည်: ချူရှစ်ယွီ]

[အဆင့်: တစ်]

[ပွိုင့်: ၅၃၂ဝဝ]

[သက်လုံအား: ၅၅(အမှတ်ပြည့်၁၀၀)]

[ကျန်းမာရေးတန်ဖိုး: ၅၀(ကစားသမားတွေကအန္တရာယ်ရှိတဲ့ဧရိယာကိုရှောင်ဖို့အကြုံပြုပါတယ်၊ မဟုတ်ရင်တစ္ဆေရိုင်းလေးတစ်ကောင်ဖြစ်လာပါလိမ့်မယ်နော်~)]

[ဆွဲဆောင်မှုအား: ၁၀၁ (? မင်းရဲ့ဆွဲဆောင်မှုအားကဇယားကိုကျော်လွန်နေပါတယ်။ ကြည့်ရတာတော့မင်းကဉာဏ်အမျှော်အမြင်ရှိရှိလှဲနေရုံနဲ့ဂိမ်းနိုင်ဖို့ပိုသင့်တော်တဲ့ပုံပဲ~)]

[ဂိမ်းကမ္ဘာမစ်ရှင်အသက်သွင်းမှုနှုန်း: ၂၅.၃%]

[စုစုပေါင်းတန်ဖိုး: ၈၅(အလှတရားကတရားမျှတမှုပဲ!)]

[လူသစ်အဆင့်သတ်မှတ်ချက်: ၂]

ချူရှစ်ယွီနှုတ်ခမ်းစေ့လိုက်မိသည်။ ဒီကောမန့်များကသူ့အကြောင်းတိတ်တခိုးအတင်းပြောနေတာလားဟုသူသံသယဖြစ်မိသွားသည်။ သူမျက်လုံးမှေးစင်းကာပိတ်သည့်ခလုတ်ကိုနှိပ်ပစ်လိုက်သည်။

သူဂိမ်းကမ္ဘာတစ်၏တာဝန်ဘားတန်းဆီရောက်သွားပြန်သည်။

တာဝန်ဘားတန်းမှာတာဝန်တစ်ခုသာရှိပြီး ပြီးမြောက်မှုအဆင့်မှာ၂၀.၃%အထက်ဟုပြသထားသည်။

အနီရောင်အာမေဋိတ်အမှတ်အသားနှင့်ကြေငြာချက်အသစ်တစ်ခုကပင်မတာဝန်၏စာမျက်နှာမှာဝင်လို့နေသည်။ ကြေငြာချက်မှာမနေ့ကမနက်စောစောမှာဖော်ပြထားပြီး ချူရှစ်ယွီအခုမှမြင်ရသည်။

[သတိပေးချက်: ကစားသမားကမထင်မှတ်ထားတဲ့ဇာတ်ကြောင်းကိုထပ်ပြီးအစပျိုးလိုက်တာမို့ ပစ်မဇာတ်ကြောင်းဘဝကပြောင်းလဲသွားမှာမို့ ကစားသမားရဲ့ပင်မမစ်ရှင်မှာအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။]

မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။Where stories live. Discover now