Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၁၃)။
ချူရှစ်ယွီတမိန်းတမောမျက်စိဖွင့်လိုက်ပြီး သူ့အမြင်အာရုံမှာအိပ်ချင်မူးတူးဖြစ်ရာမှာတဖြည်းဖြည်းချင်းရှင်းလင်းလာသည်။ အေးစက်စက်ပတ်ဝန်းကျင်သူ့ပုခုံးကိုတုန်ရီသွားစေပြီး သူမနေနိုင်ဘဲခြေထောက်များကိုကွေးလိုက်မိသည်။
သူမျက်လုံးပင့်ကြည့်မိတော့ သူဟာတစ်ပါးသူ၏အခေါင်းပေါ်မှာလှဲနေပြန်ပြီမှန်းသဘောပေါက်သွားသည်။ချူရှစ်ယွီအလျင်စလိုဆင်းလိုက်သည်။ သူကျောက်လှေကားထစ်များဆီခပ်သွက်သွက်ဆင်းသွားကာ ကျောက်တိုင်ဆီဦးသုံးကြိမ်ညွှတ်လိုက်သည်။
"တောင်းပန်ပါတယ်ကျွန်တော်မရည်ရွယ်ပါဘူး။"ထိုသို့ပြောပြီးနောက်သူတစ်ဖက်လှည့်ကာလမ်း၏ထွက်ပေါက်ဆီပြေးသွားလိုက်သည်။ သူနိုးလာပေမဲ့သူ့ခေါင်းမှာနည်းနည်းဇဝေဇဝါဖြစ်နေတုန်းပင်။ သူကတူညီသောအဝတ်ကိုဝတ်ထားပေမဲ့ တစ်ခုခုချည်ထားသည့်အလား သူ့ခြေကျင်းဝတ်မှာအေးစက်တာတစ်ခုခုခံစားမိလိုက်သည်။
ချူရှစ်ယွီမှာဂရုစိုက်ဖို့အချိန်မရှိ။ သူဒီဧရာမသချိုင်းအပြင်ကိုဓာတ်မီးတစ်လက်နှင့်ခပ်သွက်သွက်လျှောက်ထွက်သွားလိုက်သည်....
သူတက္ကစီငှားကာအိမ်ပြန်လာတော့ ညဆယ်နာရီခွဲနေပြီပင်။ သူစာကြည့်စားပွဲရှေ့မှာထိုင်ကာသူ့ဘောင်းဘီအောက်ခြေကိုလိပ်တင်ပြီးတစ်ချက်ကြည့်လိုက်တော့သူ့ခြေကျင်းဝတ်ပေါ်မှာထူးခြားသောရွှေရောင်ခြေကျင်းတစ်ကုံးရှိနေတာကိုမြင်လိုက်ရသည်။
ရွှေရောင်ချိန်းကြိုးမှာတောက်ပသောအနီရောင်ကျောက်များနှင့်အလှဆင်ထားပြီး လှုပ်လိုက်တိုင်းတချွင်ချွင်မြည်သွားကာ ချူရှစ်ယွီ၏အသားအရည်ကိုပိုဖြူဖွေးသွားစေသည်။
ဒါကဘယ်ကရောက်လာတာတုန်း?
ချူရှစ်ယွီတစ်ခုခုထူးဆန်းနေပြီမှန်းသဘောပေါက်လိုက်ပြီး အလျင်စလိုလက်ဆန့်ကာဖြည်လိုက်ပြီးတိပ်နှင့်ပတ်ကာပြတင်းပေါက်အပြင်ကိုလွှတ်ပစ်လိုက်သည်။
သူပြတင်းပေါက်အပြင်ကအမှောင်ထုကိုကြည့်ကာပင့်သက်ရှိုက်လိုက်မိပြီးမှ ရေချိုးခန်းထဲဝင်ကာခြေလက်ဆေးကြောလိုက်သည်။
YOU ARE READING
မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။
Horrorချူရှစ်ယွီအဆုံးမဲ့ဂိမ်းထဲမတော်တဆကျရောက်သွားခဲ့သည်။ သူသိလိုက်ရတာက ပင်မဇာတ်ကြောင်းမှာနဂိုဆက်တင်အတိုင်းမသွားရုံတင်သာမက သူလည်းပဲ....မှောင်ရိပ်ခိုလျက်သူ့ကိုထောက်လှမ်းနေသည့်မကောင်းဆိုးဝါးတစ်ကောင်ပြီးတစ်ကောင်ကြုံတွေ့ခဲ့ရသည်။ [ တုံးအအအလှလေးရှို့ x ပိုင်ဆိုင...