Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၆)။
"ကျွန်တော်ပြောတာအမှန်ပဲ။"
ချူရှစ်ယွီခြေလှမ်းအနည်းငယ်ရှေ့တိုးကာခါးကိုင်းပြီးသူ့ဒူးများကိုပွတ်ကာပြောလိုက်သည်။ "ခုနကပဲ။"ချင်ကျိဘာမှမပြောတာမြင်တော့ ချူရှစ်ယွီမှာသူမယုံဘူးထင်သွားသည်။ သူခြေလှမ်းအနည်းငယ်ရှေ့တိုးကာ သူ့ကိုမေးလိုက်သည်။
"မစ္စတာချင်ကျွန်တော်ပြောတာမယုံဘူးလား။"ချူရှစ်ယွီသူ့ကျောင်းလွယ်အိတ်ကိုအောက်ချလိုက်တော့ ဖားလေးမှာသူ့လှုပ်ရှားမှုကြောင့်တချွင်ချွင်မြည်သွားသည်။ သူအကျီလက်ကိုလိပ်တင်ကာသူ၏နှင်းတမျှဖြူဖွေးသောလက်မောင်းကိုဖော်ပြလိုက်သည်။ သူ့လက်မောင်းထက်ဒဏ်ရာတစ်ခုရှိလို့နေလျက်။ သူတအားအမြန်ပြေးလာတုန်းကသစ်ကိုင်းနှင့်ခြစ်မိပြီး ဒဏ်ရာရသွားကာအဆက်မပြတ်သွေးထွက်နေလေသည်။
"ကြည့်၊ ဒါခုနကကျွန်တော်အမြန်ပြေးလာတုန်းကမတော်တဆရခဲ့တဲ့ဒဏ်ရာလေ။"
ချူရှစ်ယွီသူ့လက်မောင်းကိုဖော်ပြကာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ပြီး လမ်းဘေးကခုန်ထွက်လာသည့်သရဲမနှင့်သူသေခြင်းတရားမှခက်ခက်ခဲခဲထွက်ပြေးလွတ်မြောက်လာပုံဖြစ်စဥ်တစ်ခုလုံးကိုပြောပြလိုက်သည်။မှောင်မိုက်သောခြံဝန်းထဲတွင်အရာအားလုံးမှာအသက်မဲ့နေပေမဲ့ချူရှစ်ယွီကတော့ခြွင်းချက်ပင်။
သူ့အသံမှာမကျယ်ဘဲနူးညံ့ပြီး သူ့လေသံမှာအလျင်လိုကာလေးလံလျက်။ သူ့မှာအမြဲတစ်ခုခုပြောစရာရှိသည့်နှယ်
သူကအသက်မဲ့သောခြံဝန်းကိုအသက်ဓာတ်အနည်းငယ်ထပ်ဖြည့်ပေးလာသည်။
ချူရှစ်ယွီပြောလို့ပြီးသွားတော့ ပင့်သက်ရှိုက်ကာချင်ကျိကိုမျက်လုံးဝိုင်းများနှင့်မော့ကြည့်လိုက်ပြီး သူ၏သေခြင်းတရားမှထွက်ပြေးလွတ်မြောက်လာရသည့်အတွေ့အကြုံအပေါ်ချင်ကျိမှတ်ချက်တချို့ပေးဖို့မျှော်လင့်နေမိသည်။
လုံးဝတုံ့ပြန်မှုမရှိဘဲချင်ကျိမှာမျက်နှာသေနှင့်သူ့ကိုတိတ်တဆိတ်စိုက်ကြည့်လို့နေသည်။
YOU ARE READING
မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။
Horrorချူရှစ်ယွီအဆုံးမဲ့ဂိမ်းထဲမတော်တဆကျရောက်သွားခဲ့သည်။ သူသိလိုက်ရတာက ပင်မဇာတ်ကြောင်းမှာနဂိုဆက်တင်အတိုင်းမသွားရုံတင်သာမက သူလည်းပဲ....မှောင်ရိပ်ခိုလျက်သူ့ကိုထောက်လှမ်းနေသည့်မကောင်းဆိုးဝါးတစ်ကောင်ပြီးတစ်ကောင်ကြုံတွေ့ခဲ့ရသည်။ [ တုံးအအအလှလေးရှို့ x ပိုင်ဆိုင...