[၉] တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း။

541 96 3
                                    

Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၉)။

ချူရှစ်ယွီအခေါင်းဖုံးကိုကိုင်ထားရင်းခပ်သွက်သွက်သေချာဂရုတစိုက်တွယ်ဆင်းလိုက်ပြီး အထိတ်တလန့်ဘေးဘီဝေ့ဝဲကြည့်လိုက်မိသည်။ ၎င်းမှာမည်းမှောင်အုံ့မှိုင်းသောအလင်းရောင်နှင့်ဧရာမရှေးဟောင်းသချိုင်းဂူနှင့်တသပြီး ပတ်ပတ်လည်ရှိနံရံများပေါ်မှာထူးဆန်းသောအဝါရောင်အဆောင်စာရွက်များကပ်ထားကာ ကြက်သွေးရောင်ကြိုးများ၊ ခေါင်းလောင်းများနှင့်ချည်ထားသည်။

အချိန်နှင့်အမျှအမည်မသိအရည်များကနံရံမှဖြည်းဖြည်းချင်းစီးကျလို့နေသည်။

အနီးနားမှာအနီရောင်သစ်သားသေတ္တာများရှိနေပြီး သေတ္တာအဖုံးများမှာအကုန်ဖွင့်ထားသည်။ ၎င်းတို့မှာကျောက်မျက်ရတနာ၊ ရွှေနှင့်ငွေတို့ပြည့်လို့နေသည်။ သချိုင်းဂူတည်ဆောက်ပုံမှာကွေ့ကောက်ရှုပ်ထွေးပြီး အတွင်းခန်းများစွာရှိလေသည်။ ထူးဆန်းသောနံရံနှင့်အလွန်အမင်းချမ်းသာကြွယ်၀သောတည်ဆောက်ပုံမှတဆင့် သချိုင်းဂူတည်ဆောက်သူများမှာသေဆုံးသူ၏အသုဘကိုရိုသေလေးစားမှုနှင့်အာရုံစိုက်မှုပေးစွမ်းထားမှန်းဖော်ပြလို့နေသည်။

သူဘာလို့ဒီရောက်လာတာလဲ။

သူတောထဲမှာရှိနေတာသေချာမှတ်မိပါတယ်။

ချူရှစ်ယွီ၏မျက်လုံးများမှာအကြောက်တရားနှင့်တုန်ရီသွားသည်။ သူအမှောင်ထဲမှာသေချာဂရုတစိုက်ရှေ့တိုးကာ နံရံပေါ်ကဖယောင်းတိုင်နီကိုယူပြီးမီးပြလိုက်သည်။

သူထွက်လမ်းရှာကြည့်တော့ အတွင်းခန်းထဲမှာကျောက်တံခါးများစွာရှိတာမြင်လိုက်ရပေမဲ့ ကျောက်တံခါးတစ်ချပ်သာပွင့်ထားပုံမှာ ချူရှစ်ယွီကိုထွက်လမ်းပြပေးဖို့အထူးဖွင့်ပေးထားသည့်လမ်းကြောင်းပမာ။

ချူရှစ်ယွီလမ်းကျဥ်းလေးထဲစိုးရိမ်တကြီးလျှောက်၀င်သွားလိုက်သည်။ ကျောက်တံခါးအပြင်ကလမ်းကြောင်းမှာဖယောင်းတိုင်နီများထွန်းထားပြီး ဖယောင်းတိုင်မီးယိမ်းသွားတော့ အလင်းနှင့်အရိပ်မှာထူးဆန်းစွာနီရဲလို့နေသည်။

မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။Where stories live. Discover now