[၁၂] တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း။

504 94 2
                                    

Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၁၂)။

ချူရှစ်ယွီကျောင်းလွယ်အိတ်ကြိုးကိုဆုပ်ကာနှာထပ်ချေပြီး သူ့ကိုနူးညံ့စွာမေးလိုက်သည်။
"ဘာ ဘာဖြစ်လို့လဲဟင် မစ္စတာချင်?"

ချင်ကျိကမျက်လွှာချကာသူ့ကိုကြည့်လာသည်။ သူကအကြာကြီးတိတ်နေပြီးမှမျက်ဝန်းထဲခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်ပေါ်လာပြီး-
"ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်းမေးကြည့်တာပါ။"

"မင်းဖျားနေတာလားအားယွီ?"
ချင်ကျိကသူနည်းနည်းထူးဆန်းနေတာကိုသတ်ထားမိသွားကာစိုးရိမ်တကြီးမေးလာသည။
"မနေ့ကမိုးမိသွားလို့လား။"

ချူရှစ်ယွီခေါင်းငြိမ့်ပြလိုက်ပြီးနှာရှုံ့ကာအပြုံးလေးနှင့်ပြောလိုက်သည်။
"ဟုတ်လောက်မယ်၊ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်အိမ်ပြန်ပြီးဆေးသောက်လိုက်ပါ့မယ်။"

"ဒါဆိုမြန်မြန်သွားတော့လေ။"
ချင်ကျိမှာသူချူရှစ်ယွီ၏ဖြူဖျော့ဖျော့မျက်နှာလေးနှင့်အားနည်းသောအကြည့်လေးကိုမြင်လိုက်ရတော့စိတ်ဖိစီးသွားကာနွေးထွေးစွာပြောလိုက်သည်။
"အိမ်ပြန်ရောက်ရင်စောစောအိပ်ရာဝင်ဖို့မမေ့နဲ့အုံး။"

"ဟုတ်ကျွန်တော်နားလည်ပါပြီ။"
ချူရှစ်ယွီခေါင်းငြိမ့်ကာသူ့ကိုလက်ဝေ့ရမ်းပြပြီးစက်ဘီးကိုတွန်းသွားလိုက်သည်။

ချင်ကျိမျက်မှောင်ကြုတ်ကာချူရှစ်ယွီထွက်သွားတာကိုမည်းမှောင်သောမျက်ဝန်းတစ်စုံနှင့်ရပ်ကြည့်နေမိသည်။

ပထမဆုံးအကြိမ်အနေနှင့်သူထောင်နှင့်တူသောထပ်ခိုးထဲမှာပိတ်မိနေရင်း အစွမ်းအစမရှိဘူးဟုခံစားလိုက်ရသည်။

သူကသေပြီးသားမို့လို့ပင်။

သေပြီးတာနှစ်ပေါင်းများစွာကြာပြီ။

ဒါကိုတွေးမိတော့ချင်ကျိအလွန်အမင်းမလိုလားစိတ်ဖြစ်တည်လာသည်။

သူဒီသက်ရှိလူတွေလိုမျိုးမလုပ်နိုင်ဘူး၊ ချူရှစ်ယွီအနားမှာတစ်ချိန်လုံးရှိပေးပြီး သူ့ကိုဂရုမစိုက်ပေးနိုင်ဘူး၊ ချူရှစ်ယွီဖျားနေချိန်မှာတောင်ဂရုမစိုက်ပေးနိုင်ဘူး။

မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။Where stories live. Discover now