Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၂)။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိစပွိုင်လာများပါဝင်သည့်ကောမန့်တိုင်းကိုစနစ်ကပိတ်ပင်လိုက်သဖြင့် ချူရှစ်ယွီမှာကောမန့်ထဲတွင်ပေါ်လာသည့်သာမန်ကောမန့်ရာချီကိုသာမြင်လိုက်ရသည်။
[အားးးးးးးးးးး]
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိကြည့်ရှုသူအရေအတွက်မှာခပ်သွက်သွက်ပင်တစ်သောင်းကျော်သွားပြီး ၎င်းမှာတိုက်ရိုက်ထုတ်လွင့်မှုပထမရက်မှာလူသစ်တစ်ယောက်အတွက်အလွန်အမင်းရခဲလေသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိကင်မရာမှာသူ့ခါးကိုသာရိုက်ထားသည်။ သူတို့ဘာလို့ဒီလောက်စိတ်လှုပ်ရှားနေကြပါလိမ့်?
စနစ်ကအသိပေးလာသည်။
[ကောမန့်ခန်းကသင့်ရဲ့ပုံမှန်လုပ်ဆောင်ချက်ကိုသက်ရောက်စေနိုင်တာမို့သင့်အတွက်ပိတ်ပေးလိုက်ပါပြီ။]
[တင်!]
[ပိတ်လိုက်ပါပြီ။]
ချူရှစ်ယွီပဟေဠိဖြစ်သွားမိသည်။
သူ့ကိုသက်ရောက်စေနိုင်တယ်?
တောအုပ်ထဲရှိမှောင်မိုက်သောပတ်ဝန်းကျင်ထဲတွင်ကြောက်မက်ဖွယ်ကျောချမ်းမှုတစ်ခုရှိနေသည်။ သူဝေ့ဝဲကာသူ့ဘေးကိုကြည့်မိတော့....
ခုနကဒီမှာရပ်နေသည့်အနက်ဝတ်လူမှာတိတ်တိတ်လေးပျောက်သွားပြီမှန်းမြင်လိုက်ရသည်။
သူ့ရှေ့ကကျန်နေခဲ့တာကသစ်ပင်နှင့်ထူထဲသိပ်သည်းသောခြုံပုတ်တို့၏အရိပ်နက်များပင်။ ဥသြငှက်များကတစ်ကောင်နောက်တစ်ကောင်တွန်နေကြသဖြင့် တောမှာပိုမိုကြက်သီးထဖွယ်ကောင်းလာသည်။
ပျောက်သွားတယ်?!
ထိုအခါမှသာတစ်ခုခုမှားနေမှန်း ချူရှစ်ယွီသဘောပေါက်သွားသည်။
သူရင်ထဲမှာတုန်လှုပ်သွားကာ သူ၏မူးဝေမှုကရုတ်ခြည်းပြေသွားသည်။ သူသူ့အကျီကိုပြန်ဆွဲချကာ သူ့အဝတ်အစားကိုသပ်ရပ်အောင်ပြန်လုပ်ပြီး တောထဲကခပ်သွက်သွက်ထွက်လာလိုက်သည်။
YOU ARE READING
မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။
رعبချူရှစ်ယွီအဆုံးမဲ့ဂိမ်းထဲမတော်တဆကျရောက်သွားခဲ့သည်။ သူသိလိုက်ရတာက ပင်မဇာတ်ကြောင်းမှာနဂိုဆက်တင်အတိုင်းမသွားရုံတင်သာမက သူလည်းပဲ....မှောင်ရိပ်ခိုလျက်သူ့ကိုထောက်လှမ်းနေသည့်မကောင်းဆိုးဝါးတစ်ကောင်ပြီးတစ်ကောင်ကြုံတွေ့ခဲ့ရသည်။ [ တုံးအအအလှလေးရှို့ x ပိုင်ဆိုင...