Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၁၉)။
ရှန်ရွှီကျိုးမှာချူရှစ်ယွီကိုတစ်ချက်ကြည့်လိုက်တော့ ချူရှစ်ယွီကနှုတ်ခမ်းစေ့ထားပြီး သူ၏လှပသောမျက်ဝန်းတစ်စုံကသန့်ရှင်းစင်ကြယ်ကာဆွဲဆောင်မှုရှိနေတာကိုမြင်လိုက်ရသည်။
သူ့လည်စေ့လှိမ့်သွားကာသူပြောလိုက်သည်။ "အင်းပါ။"
သူပြောလိုက်ပေမဲ့သူ့လက်လှုပ်ရှားမှုမှာအလွန်နှေးကွေးစွာနှင့် ချူရှစ်ယွီ၏ဒဏ်ရာအစွန်းကိုနည်းနည်းချင်းစီဆေးထည့်ပေးနေပုံကပန်းချီဆွဲနေသည့်အလား။
ချူရှစ်ယွီမျက်လွှာချကာသူ၏ဖြူဖွေးနူးညံ့သောခြေချောင်းလေးများကိုကျုံ့လိုက်မိသည်။ ရှန်ရွှီကျိုး၏အကြည့်စူးစူးကအလွန်ပူလောင်နေသည်ဟုသူခံစားလိုက်ရပြီး ၎င်းကသူ့ကိုနည်းနည်းမသက်မသာဖြစ်စေသည်။
သူသူ့ဒဏ်ရာကိုကြည့်လိုက်ပြီးမှရှန်ရွှီကျိုးကိုတိတ်တခိုးတစ်ချက်ခိုးကြည့်ကာသနားစရာကောင်းစွာပြောလိုက်သည်။ "နည်းနည်းနာတယ်။"
ချူရှစ်ယွီ၏အသံမှာသေးငယ်နူးညံ့ပြီး အလွန်စိတ်ဖိစီးနေပုံပင်။
ရှန်ရွှီကျိုးသူ့ကိုနူးညံ့စွာနှစ်သိမ့်ပေးလိုက်သည်။
"စိတ်ရှည်လေနော်၊ ဆေးထည့်ပြီးရင်ဒဏ်ရာကသွေးထွက်တာရပ်သွားလိမ့်မယ်။"ချူရှစ်ယွီသနားစရာကောင်းချင်ယောင်ဆောင်ကာပြောလိုက်သည်။
"မင်းငါ့ကိုသော့ငှားလို့ရမလားဟင်?"ရှန်ရွှီကျိုးဒီတစ်ခေါက်မှာတော့သူ့တောင်းဆိုမှုကိုမငြင်းဘဲကူကယ်ရာမဲ့စွာပြောလိုက်သည်။
"ရှစ်ယွီ၊ အဲ့ဓာတ်ခွဲခန်းကကျောင်းရဲ့လျိူ့ဝှက်ချက်နော်။ မင်းသော့ငှားချင်ရင် ငါ့ကိုအကြောင်းရင်း အရင်ပြောဖို့လိုအပ်တယ်။""ငါဒီတိုင်းသိချင်လို့တစ်ချက်ထပ်ကြည့်ချင်ရုံပါ။"
ချူရှစ်ယွီမလုံမလဲဖြစ်သွားကာသူ့လက်ထဲကသပတ်ကိုလွှတ်လိုက်သည်။"ဒီတိုင်းသိချင်လို့ပေါ့?"
"ရှစ်ယွီ၊ မင်းလဲသိပါတယ်၊ ကိုယ်မင်းကိုသော့ငှားလိုက်ပြီးနောက်ပိုင်းတစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ်တာဝန်ယူရမှာ။"
YOU ARE READING
မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။
Horrorချူရှစ်ယွီအဆုံးမဲ့ဂိမ်းထဲမတော်တဆကျရောက်သွားခဲ့သည်။ သူသိလိုက်ရတာက ပင်မဇာတ်ကြောင်းမှာနဂိုဆက်တင်အတိုင်းမသွားရုံတင်သာမက သူလည်းပဲ....မှောင်ရိပ်ခိုလျက်သူ့ကိုထောက်လှမ်းနေသည့်မကောင်းဆိုးဝါးတစ်ကောင်ပြီးတစ်ကောင်ကြုံတွေ့ခဲ့ရသည်။ [ တုံးအအအလှလေးရှို့ x ပိုင်ဆိုင...