[၄] တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း။

230 52 1
                                    

Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၄)။

ဒီနေ့မှာတော့အိမ်နီးချင်းကမီးခိုးပြာရောင်suitကိုဝတ်ထားသည်။ စတိုင်မှာတစ်မျိုးခေတ်တုံးလှသည်။ နက်ခ်တိုင်ကိုသေချာစည်းထားသည်။ သူ့မှာအရပ်ရှည်ပြီးထူးကဲသာလွန်သောပုံပန်းသွင်ပြင်ရှိသည်။ သူ၏မည်းမှောင်သောမျက်ဝန်းတစ်စုံနှင့်မျက်နှာသေမှအပ၊ သူနှင့်ပတ်သတ်ပြီးတကယ့်ကိုတစ်ခုခုလွဲမနေပေ။

[ဒီလိုလူမျိုးက​ကောင်လေးတွေကိုချောင်းကြည့်တတ်တဲ့နှာဘူးဖြစ်နိုင်လို့လား။]

[လုံးဝကိုတူမနေဘူးနော်။]

ချူရှစ်ယွီသူများအကြောင်းမကောင်းပြောပြီးနောက်အနည်းငယ်အပြစ်ရှိစိတ်ခံစားလိုက်ရတာမို့လက်မြှောက်ကာဦးထုပ်ကိုဆွဲချွတ်လိုက်မိသည်။

သူတွေးကြည့်လိုက်ပေမဲ့တကယ့်ကိုတူမနေ။

သူခေါင်းမိုးထက်ကလျစ်လျူရှုမရနိုင်သည့်အကြည့်စူးစူးကိုခံစားလိုက်ရပြီး မျက်လွှာချကာသူ့လက်အိတ်တစ်ဖက်ကိုတွန့်ဆုတ်စွာဆွဲချွတ်လိုက်သည်။

အဖွား၏ပစ်ထားတာကြာပြီဖြစ်သည့်ဟင်းရွက်ခြံမှာသူတို့အိမ်ထက်ရှေးဟောင်းစံအိမ်နှင့်မီတာတစ်ရာပိုနီးပြီး ၎င်းကရှေးဟောင်းစံအိမ်၏အရှေ့နှင့်အနောက်ဘက်အခြမ်းကိုမျက်နှာမူထားသည်။ ခပ်နိမ့်နိမ့်အစိမ်းရောင်ဝါးတောအုပ်ကလေး၏အကာအရံမပါတော့ မြင်ကွင်းမှာအတော်လေးပိုကျယ်သွားသည်။

မိုးကောင်ကင်ပြာမှာတိမ်တိုက်မရှိ။ ဟင်းရွက်ခြံနှင့်သိပ်မဝေးသောနေရာမှာ   ရာစုနှစ်ကြာကြီးထွားပေါက်ရောက်နေသည့်သစ်ပင်ကြီးတစ်ပင်ရှိသည်။

၎င်းမှာထူထဲသိပ်သည်းသောသစ်ကိုင်းသစ်ရွက်နှင့်သစ်ရွက်များရှိတာမို့ ဧရာမအစိမ်းရင့်ရောင်ထီးတစ်လက်နှင့်တူလို့နေသည်။ သစ်ရွက်စိမ်းများမှာအဖြူဖျော့ရောင်ပန်းပွင့်များနှင့်ရောယှက်လျက်ရှိပြီး ထူထဲသောသစ်ကိုင်းသစ်ခက်များနှင့်သစ်ရွက်များကတရှဲရှဲမြည်လျက် ခပ်ဖျော့ဖျော့လတ်ဆတ်သောသင်းရနံ့တစ်ခုကိုသယ်ဆောင်လာသည်။

မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။Where stories live. Discover now