[၃] တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း။

294 66 0
                                    

Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၃)။

တစ်ဖက်လူမှာစကားမပြောလာသေး။ သူ၏ရုပ်ရည်သွင်ပြင်မှာချောမောပြီး လူတို့ကိုသူ့ကိုမကြည့်ဘဲမနေနိုင်ဖြစ်စေသည့်ထူးခြားသောဆွဲဆောင်မှုတစ်မျိုးရှိလို့နေသည်။

ချူရှစ်ယွီအနောက်ဆုတ်လိုက်ပြီး လေထုမှာအနည်းငယ်ထူးဆန်းနေမှန်းမြင်လိုက်ရတော့ယဥ်ကျေးစွာပြုံးပြကာ-
"ကျွန်တော်ကိုယ်တိုင်လုပ်ထားတာရယ်၊ စမ်းစားကြည့်ကြည့်နော်။"

ချူရှစ်ယွီကွေးနေသောမျက်ခုံးများ၊ နီစွေးသောနှုတ်ခမ်းနှင့်သွားဖြူဖြူတို့ဖြင့်ပြုံးပြလိုက်တော့ တောက်ပသောမနက်ခင်းအလင်းရောင်ထဲမှာမျက်စိကျိန်းဖွယ်စူးရှတောက်ပသွားသည်။

ထိုသို့ဆိုကာသူအနောက်လှည့်ပြီးခြံတံခါးဆီလျှောက်သွားလိုက်သည်။ သူတံခါးလှည့်ပိတ်လိုက်စဥ် မျက်ခုံးပင့်ကြည့်မိတော့ပွဲကြည့်စင်ထဲမှာဘယ်သူမှရှိမနေမှန်းမြင်လိုက်ရသည်။

လူကြီးကအထဲဝင်သွားတာနေမယ်။

ထူးဆန်းချက်။

ချူရှစ်ယွီနှုတ်ခမ်းဆူလိုက်မိပြီးတံခါးကိုလိမ်လိမ်မာမာလေးပိတ်လိုက်သည်။ သူကသူ့အဖွားကိုကူညီပေးခဲ့တာမို့ သူနှင့်အငြင်းပွားမှာမဟုတ်ပေ။

လာမဲ့ပိတ်ရက်။

သူစက်ဘီးဝယ်ဖို့မြို့ထဲရှိတစ်ခုတည်းသောစက်ဘီးဆိုင်ဆီသွားလိုက်သည်။ သူဘတ်စ်ကားမစီးနိုင်တာမို့ အသွားအလာလုပ်ဖို့လမ်းရှာရမည်ပင်။

"စက်ဘီးဝယ်ချင်တာ?" ဆိုင်ရှင်ကသူ့ကိုမိတ်ဆက်ပေးသည်။
"သင့်တော်တာရှိလားတစ်ချက်ကြည့်ကြည့်လေ။"

"ဦးလေး၊ ကျွန်တော်ဒီဘီးဝယ်ချင်တယ်။" သူဝေ့ဝဲကြည့်လိုက်ပြီးနောက်ဆုံးမှာအဖြူရောင်စက်ဘီးလေးကိုမျက်စိကျသွားသည်။

"ဟုတ်ပြီကောင်လေး၊ မင်းကတော်တော်အရွေးတော်တာပဲ။" ဆိုင်ရှင်ကအပြုံးလေးနှင့်ဆိုသည်။
"ဒါကဦးတို့ဆိုင်မှာစျေးအကြီးဆုံးဘီးပဲ။ ကလေးတစ်​ယောက်ဖြစ်တဲ့မင်းဝယ်ချင်ရင်.....မင်းမိသားစုနဲ့ဆွေးနွေးသင့်တယ်နော်။"

မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။Where stories live. Discover now