Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၁၄)။
ချူရှစ်ယွီမှာသူ့တစ်ကိုယ်လုံးအားမရှိသဘ်ုမျ်ုးခံစားလိုက်ရပြီး သူဘယ်လောက်ကြိုးစားတွန်းတွန်း သူ့ရှေ့ကပွေ့ဖက်မှုထဲမှရုန်းထွက်မရပေ။
ချူရှစ်ယွီမှာနွေရာသီတွင်နှင်းတောင်ထဲကျသွားပုံရကာအပူနှင့်အအေးရောယှက်လ်ု့နေသည်။
[တင်! တိုက်ရိုက်ထုတ်လွှင့်မှုအလိုအလျောက်အောင်အောင်မြင်မြင်စတင်လိုက်ပါပြီ]
[တိုက်ရိုက်ထုတ်လွှင့်ချိန်: မိနစ်၃၀]
[ဇနီးလေး ဇနီးလေး]
[စောင်ထဲမှာဘာကြီးတုန်း]
[သောက်ရမ်းနှာဘူးကျချက်ပဲ]
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကအလင်းရောင်မှာအလွန်မှောင်မည်းလို့နေသည်။ ကစားသမားများ၏ကိုယ်ရေးကိုယ်တာကိုကာကွယ်ပေးရန်အလို့ငှာ စနစ်ကကင်မရာရှုထောင့်ကိုအမှုန်ဆုံးဖြစ်အောင်အလိုအလျောက်ချိန်ညှိထားတော့ ကင်မရာကမှုန်ဝါးဝါးပုံရိပ်ကိုသာဖမ်းဆုပ်မိသည်။
[ရှလွတ် ရှလွတ်]
[သူဘယ်ကိုနမ်းနေတာတုန်း?!]
[အားအားအား ငါ့ဇနီးလေးဘယ်မှာလဲငါသိလိုက်ပြီ]
[ဇနီးလေးကြည့်လိုက်ပါအုံး...အဲ့တစ်ယောက်က...ဟက်]
[စနစ်၊ ရိုးရိုးသားသားပြောရရင်၁၉၈၀ကပုံရိပ်အရည်အသွေးကမင်းလောက်မမှုန်ဘူး]
[ညီအစ်ကိုထုံကစိတ်ခံစားချက်နဲ့ပတ်သတ်ပြီးလုံးဝနားမလည်ဘူး၊ သောက်ရမ်းလူသားမဆန်ချက်! ဒါကအနီးကပ်ရိုက်ချက်လေးတွေပေးရမဲ့အချိန်ကွ!!]
[ငါအရမ်းစိုးရိမ်နေမိပြီ၊ ဘာလို့ဒီလောက်မိန်းမောနေရတာတုန်း!]
[အားအားအား ငါဇနီးလေးကိုမြင်ချင်တယ်လို့!]
[ချီးလိုပုံအရည်အသွေးကတောင်ငါ့ဇနီးလေးရဲ့အလှတရားကိုမဖျက်နိုင်ဘူးပဲ]
[အပေါ်ထပ်ကတစ်ယောက်ရေ၊ ငါ့ရဲ့အံ့ဖွယ်ပေါက်ကွဲမှုကိုလည်းမဖျက်နိုင်ဘူးဟ]
[ထလိုက်တော့! ညီလေး!!]
ချူရှစ်ယွီ၏လက်များမှာဆုပ်ကိုင်ခံထားရပြီး သူကြိုးစားမျက်လုံးမှေးစင်းကြည့်လိုက်မိသည်။ ဝေဝေဝါးဝါးအမြင်အာရုံကျဥ်းကျဥ်းလေးထဲမှာ သူထိုလူ၏ဆံပင်နှင့်နှဖူးကိုမြင်လိုက်ရသည်။
YOU ARE READING
မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။
Horrorချူရှစ်ယွီအဆုံးမဲ့ဂိမ်းထဲမတော်တဆကျရောက်သွားခဲ့သည်။ သူသိလိုက်ရတာက ပင်မဇာတ်ကြောင်းမှာနဂိုဆက်တင်အတိုင်းမသွားရုံတင်သာမက သူလည်းပဲ....မှောင်ရိပ်ခိုလျက်သူ့ကိုထောက်လှမ်းနေသည့်မကောင်းဆိုးဝါးတစ်ကောင်ပြီးတစ်ကောင်ကြုံတွေ့ခဲ့ရသည်။ [ တုံးအအအလှလေးရှို့ x ပိုင်ဆိုင...