[၁၇] တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း။

394 82 3
                                    

Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၁၇)။

ချူရှစ်ယွီအလေးအနက်တွေးကြည့်လိုက်မိသည်။ သူ့မှာတာဝန်ရှိနေသေးတာကိုတွေးမိတာမို့သူငြင်းလိုက်သည်။
"ဒါပေမဲ့ကျွန်တော်ကကျောင်းမှာအခုမှလာနေတာလေ။ ဒီ...နှစ်ရက်အတွင်းဆိုရင်ကော၊ ကျောင်းမှာကိစ္စတချို့လုပ်စရာရှိသေးလို့ ကျွန်တော်နောက်မှလာခဲ့ပါ့မယ်။"

ချူရှစ်ယွီ၏အကြောင်းပြချက်မှာတဝိုးတဝါးဆိုပေမဲ့ ချင်ကျိကထက်ရှစွာဖမ်းဆုပ်မိလိုက်သည်။ သူဘာမေးခွန်းမှထပ်မမေးဘဲပြောလိုက်သည်။
"အင်းပါ။ မင်းကျောင်းမှာအကူအညီတစ်ခုခုလိုရင် ကိုယ့်ကိုအချိန်မရွေးဆက်သွယ်လို့ရတယ်နော်။"

"ဟုတ်ကျွန်တော်သိပါပြီ။"
ချူရှစ်ယွီခေါင်းငြိမ့်ပြလိုက်သည်။ သူလှေကားပေါ်ကခုန်ဆင်းကာသူ့တင်ပါးပေါ်ကဖုန်များကိုခါထုတ်လိုက်စည်။
"ဒါဆိုကျွန်တော်အတန်းထဲပြန်သွားတော့မယ်နော်။ အခုအတန်းချိန်ရောက်နေပြီမို့။"

"အင်းပါ။" ချင်ကျိကဖုန်း၏အခြားတစ်ဖက်မှာပြောလာသည်။
"တာ့တာအားယွီ။"

"တာ့တာမစ္စတာချင်။"

ချူရှစ်ယွီဖုန်းချကာအတန်းထဲခပ်သွက်သွက်ပြန်သွားလိုက်သည်။

....

စျေးဝယ်ရန်ပွိုင့်ပိုစုဖို့အတွက် သူဒီကနေ့တိုက်ရိုက်ထုတ်လွှင့်ချိန်ကို၂၄နာရီ​ပြောင်းလိုက်သည်။

အတန်းမစခင်နာရီဝက်လိုသေးတာမို့ သူ့ထိုင်ခုံမှာပြန်ထိုင်ကာကြုံရာဖတ်စာအုပ်တစ်အုပ်ထုတ်လိုက်ပြီးမှ သူထုတ်လိုက်သည့်ဖတ်စာအုပ်ကိုထောင်ကာ ခေါင်းငုံ့ပြီးသူသွားခဲ့ဖူးသည့်နေရာများကိုခဲတံနှင့်ဝိုင်းလိုက်သည်။

ချူရှစ်ယွီတစ်နေရာပြီးတစ်နေရာသွားရှာဖို့ဆုံးဖြတ်လိုက်သည်။ သူ့မှာမျှော်လင့်ချက်ကြီးကြီးမားမားမရှိပေမဲ့ သူအချိန်ပေးကာကြိုးစားကြည့်ဖို့ဆုံးဖြတ်လိုက်မိတုန်းပင်။

နေ့နှင့်ညရှိတိုက်ရိုက်ထုတ်လွှင့်မှုပုံရိပ်အရည်အသွေးမှာအလွန်ကွာခြားလှသည်။ နေ့ဘက်ရှိတိုက်ရိုက်ထုတ်လွှင့်ခန်းမှာအလွန်ကြည်လင်ပြတ်သားပြီး ပရိသတ်၏သဘောကျမှုကိုနားလည်လေသည်။

မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။Where stories live. Discover now