[၁၆] တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း။

463 95 9
                                    

Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၁၆)။

"အားယွီ၊ ကိုယ်မင်းကိုမရှာနိုင်ဘူးထင်နေတာလား။"
ချင်ကျိ၏လက်ချောင်းထိပ်များကချူရှစ်ယွိ၏မျက်ခုံးကိုပွတ်သပ်လို့နေပြီး သူ့မျက်ဝန်းထဲမှာလှိုက်တက်နေသည့်မြေအောက်စီးကြောင်းတစ်ခုရှိလို့နေသည်။

ချူရှစ်ယွီအောက်နှုတ်ခမ်းအသာကိုက်လိုက်မိပြီး သူ့ဆံပင်အစွန်းမှာချွေးစိုလျက်သူ့ပါးကိုကပ်လို့နေသည်။ ထိုလူကသူ့မေးစေ့ကိုပင့်မကာသူ့ကိုနမ်းလာပြီးညည်းသံမထွက်အောင်လုပ်လာသည်။

ညလေပြင်းကပြတင်းပေါက်ကိုဖြတ်၍လိုက်ကာကိုအချိန်နှင့်အမျှတိုက်ခတ်နေပြီး သူခုနကလျှော်ထားသည့်အဝတ်များမှာပြတင်းပေါက်ဘောင်ပေါ်တွင်ရေတစက်စက်ကျနေတုန်းပင်။ ရေကကြမ်းပြင်ပေါ်တစက်စက်ကျလျက် နူးညံ့သောအသံတိုင်းကသူ့ကိုဂနာမငြိမ်ဖြစ်စေသည်။

ချူရှစ်ယွီအချုပ်အနှောင်မှရုန်းထွက်ကြည့်ပေမဲ့ကံဆိုးချင်တော့ဒီကြိုးစားအားထုတ်မှုတိုင်းမှာအလကားဖြစ်နေမှန်းသိလိုက်ရသည်။ သူဟာချင်ကျိထံမှမက်မက်မောမောနမ်းရှိုက်ခံနေရသည်။

ထိုလူကချူရှစ်ယွီကိုအသိမပေးဘဲထွက်သွားသည့်အတွက်တိတ်တဆိတ်အပြစ်ပေးနေသယောင်။ သူ့အနမ်းမှာအရင်ကထက်ပိုပြင်းထန်နေပုံက မသိရင်မနမ်းရတာကြာပြီအလား နွေးထွေးကာအလျင်လိုလို့နေသည်။

"အွန်း။"

ဒီမှောင်မည်းသောဖိနှိပ်မှုကချူရှစ်ယွီကိုတုန်ရီသွားစေသည်။ သူဟာအနမ်းကြောင့်အသက်ရှူရခက်လာပြီး သူ့မျက်ဝန်းထဲမှာမနေနိုင်ဘဲမြူများဖြစ်တည်လာသည်။

သူခေါင်းလှည့်ကာပင့်သက်ရှိုက်လိုက်သည်။
"ချင်ပိုင်ကျိုးကျွန်တော့်ကိုလိုက်မနှောင့်ယှက်နဲ့တော့။ ကျွန်တော်ခင်ဗျားအတွက်စက္ကူမီးရှို့ပေးပြီး ခင်ဗျားလူပြန်ဝင်စားရဖို့ကူညီပေးနိုင်တယ်....ခင် ခင်ဗျားမှာလိုချင်တာရှိလား။ ကျွန်တော်ခင်ဗျားကိုကူညီဖို့အတတ်နိုင်ဆုံးကြိုးစားပေးမယ်လေ?"

ချူရှစ်ယွီဒီခက်ထန်သောတစ္ဆေနှင့်တုန်ရီသောအသံဖြင့်ဆွေးနွေးကြည့်လိုက်သည်။ သူခြောက်ကပ်ကပ်တံတွေးမျိုချကာအနမ်းကြောင့်နည်းနည်းဇဝေဇဝါဖြစ်လို့နေသည်။

မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။Where stories live. Discover now