[၅] တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း။

159 50 5
                                    

Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၅)။

ချူရှစ်ယွီမနက်စောစောသူ့အဖွားအတွက်မနက်စာပြင်ပေးလိုက်သည်။ သူကျောင်းလွယ်အိတ်ကိုကျောမှာလွယ်ကာအောက်ထပ်မှနေ၍ သူ့အဖွားကိုသုံးလေးကြိမ်အော်ခေါ်ပေမဲ့မတုံ့ပြန်လာတာမို့ ချူရှစ်ယွီအနည်းငယ်စိတ်ပူသွားကာ ကျောင်းလွယ်အိတ်ကိုမြန်မြန်အောက်ချပြီး ဒုတိယထပ်ကိုပြေးတက်သွားကာသူ့အဖွားအခန်းတံခါးကိုသွားခေါက်လိုက်သည်။

"အဖွားနိုးပြီလား။"

တံခါးအတွင်းမှာတိတ်ဆိတ်လျက်သာ။

ချူရှစ်ယွီတံခါးကိုပိုပြင်းပြင်းခေါက်ကာအော်ခေါ်လိုက်သည်။ "အဖွား?"

အခန်းမှာဆယ်စက္ကန့်ကျော်တိတ်ဆိတ်နေပြီးမှ အဖွား၏အက်ရှရှအသံထွက်လာသည်။ သူမကဖိနပ်ဝတ်လျက်တံခါးဆီဖြည်းဖြည်းချင်းလျှောက်လာသည်။
"မနက်စောစောစီးစီး ဘာလို့ဆူညံနေတာတုန်း ချွိချင်းရှန်း? နင်ငါ့ကိုမမြင်..."

တံခါးမှာကျွီခနဲပွင့်ကာ ခပ်ကျဥ်းကျဥ်းဟလာသည်။ ဟပေါက်မှတဆင့် ချူရှစ်ယွီသူ့အဖွားအခန်းမှထွက်လာသည့်အနီရောင်အလင်းနှင့် အနီရောင်ဖယောင်းတိုင်အလင်းကိုတဝိုးတဝါးမြင်လိုက်ရသည်။

အဖွားကအိပ်ခန်းထဲမှာဖ​ယောင်းတိုင်ထွန်းထားတာပဲ။

ဒါပေမဲ့ချူရှစ်ယွီနည်းနည်းလေးသာမြင်လိုက်ရသည်။ သူ့အဖွားကအခန်းထဲမှခပ်သွက်သွက်ထွက်လာပြီး တံခါးကိုလက်နောက်ပစ်လျက်ပိတ်ပစ်လိုက်တာမို့။

တံခါးဝမှာရပ်နေသူကချူရှစ်ယွီမှန်းမြင်သွားတော့ အဖွားမျက်ဝန်းထဲမှာအံ့အားသင့်မှုဖျတ်ခနဲလက်သွားသည်။ သူမကသူ့ကိုမျက်ဝန်းသေများနှင့်အကြာကြီးစိုက်ကြည့်လျက်မသိမသာတောင့်ခဲသွားပြီးမှ ပြန်ကောင်းလာပြီးခေါင်းလှည့်လိုက်သည်။

"ဘာလိုချင်လို့လဲ။"

ချူရှစ်ယွီမှာမြင်ကွင်းကြောင့်ကြောင်အမ်းနေပြီးမှပြောလိုက်သည်။
"မနက်စာစားချိန်လေအဖွားရဲ့။"

အဖွားကရေချိုးခန်းဆီဖြည်းဖြည်းချင်းလျှောက်သွားပြီး သူမ၏ခြေလှမ်းများမှာစောင်းရွဲ့လျက်။ "ငါသိတယ်။"

မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။Where stories live. Discover now