အပိုင်း (၃၁)

2.7K 132 34
                                    

Mysterious Love
~~~~~~~~~~~~~~
Part - 31
~~~~~~~~~
ရတနာကတော့ဒီညမှာ ချွေးမလေးရဲ့တောင်းဆိုမှုကြောင့် လုံးဝခြေမချတော့ဘူးလို့သတ်မှတ်ထားတဲ့အိမ်ကိုရောက်နေမိသည်

သူမမှာ ချွေးမလေးရဲ့အချွဲခံရမှုကိုမခံနိုင်တာကြောင့် ဒီကိုလာဖို့လက်ခံလိုက်ရတော့၏

အခုတော့သူမမှာခြံရှေ့မှာရပ်နေမိတာအတော်ကြာနေလေပြီ

" မေမေ "

မေပျိုကတော့ မေမေရောက်မလာသေးလို့ခြံရှေ့ကိုထွက်ကြည့်လိုက်တော့ မေမေကကားဘေးမှာရပ်နေလေသည်

" သမီး "

" မေမေကလည်း သမီးကိုဖုန်းဆက်လိုက်တာမဟုတ်ဘူး ရောက်နေတာကြာပြီလားဟင် "

" ခုနလေးတင်သမီး "

" အထဲဝင်ကြမယ်နော် မေမေ "

" မေမေ ခြံထဲမှာပဲနေတော့မယ်နော် သမီး "

" မေမေကလည်း အိမ်ထဲမှာ Birthday Party ရှိတာကို "

" သမီးနော်ကတိမဖျက်ရဘူး "

" လုပ်ပါမေမေရယ်နော် ကိတ်မုန့်ခွဲတဲ့အချိန်လေးပဲရှိပေးလေနော် သမီးကနောက်နှစ်လဆိုရင်ပြန်ရတော့မှာမို့ အခုကအတူတူရှိချင်မိလို့ပါ "

ရတနာကတော့ ချွေးမဖြစ်သူရဲ့ အသနားခံမှုအောက်မှာမခံနိုင်စွာ အိမ်ထဲကိုရောက်လာခဲ့တော့သည်

မေပျိုကတော့ ဖေဖေနဲ့မေမေတို့ရဲ့အဖြစ်အပျက်ကိုမသိခင်ကတည်းက မေမေ့ကိုဖေဖေ့ရဲ့မွေးနေ့ပွဲကိုလာခဲ့ဖို့အရင်ပြောထားမိသည်

ဒီလိုလာဖို့ကိုမေမေက အစပိုင်းမှာအသည်းအသန်ငြင်းပေမယ့် မေပျို့မှာမေမေသနားသွားအောင် ပန်းနုသွေးလိုက်မှ မေမေကအခုလိုလာဖို့လက်ခံခဲ့ခြင်းပင်ဖြစ်၏

" မေမေ "

သူရိန်ကတော့ အိမ်ထဲကိုဝင်လာတဲ့မေမေ့ကိုမြင်လိုက်ရတာမို့ အံ့သြသွားရသည်

သူတင်မဟုတ် ဧည့်ခန်းထဲမှာရှိသမျှလူအားလုံးကလည်း အံ့သြနေကြဟန်ရှိ၏

" ဟယ် ထရက်ရှာ ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ "

ဖီရိုနာကတော့ ရတနာ့ကိုစမြင်ကတည်းက စစ်နိုင်ခေါ်သလို ထရက်ရှာ လို့ပဲခေါ်နေတာ ယနေ့ထိပင်

Mysterious Love (Ongoing) Where stories live. Discover now