Mysterious Love
~~~~~~~~~~~~~~~
Part - 32
~~~~~~~~
" ကိုကို မေ့ကိုအခုလာခေါ်ပေးလို့ရမလား "" ဟင် နောက်ကျနေပြီလေမေ "
" ဟင့်.....ရတယ် ရတာမို့လို့လာခေါ်ပေး မေအခုသမိုင်းလမ်းဆုံရောက်တော့မယ် "
" ဟာ မေ....ကိုကိုအခုပဲထွက်လာခဲ့မယ် "
စိုင်းဟန်မှာတော့ ရှိုက်သံအနည်းငယ်ပါနေတဲ့ချစ်သူလေးကြောင့် သူ့မှာကားမောင်းနေရင်းကပင် ဘာပြဿနာဖြစ်နေလဲတွေးမိသည်
အချိန်ကလည်း ၈နာရီရှိနေပြီဆိုတော့ ဒီအချိန်ကြီးအပြင်ထွက်ပုံအရဆို မိသားစုကိစ္စပဲဖြစ်ရမည်
ဒါပေမယ့်လည်း ပုံမှန်ဆို မေတို့မိသားစုလေးကအမြဲသာယာနေကြပါ
သူနဲ့တွေ့တဲ့အခါတိုင်းလည်း ဖေကြီးနဲ့မေကြီးကဘာဖြစ်တာ ညာဖြစ်တာကိုချစ်စနိုးလေးပြောပြတတ်သေးသည်
စိုင်းဟန် သမိုင်းလမ်းဆုံကိုရောက်တော့ ကားဂိတ်မှာထိုင်နေတဲ့ မေ့ကိုတွေ့လိုက်ရတာမို့ ကားပေါ်ကနေအလျင်အမြန်ဆင်းကာ မေ့အနားကိုပြေးသွားလိုက်သည်
" မေ "
" ကိုကို "
သူခေါ်လိုက်တော့ မော့ကြည့်လာတဲ့မျက်နှာလေးက ဝမ်းနည်းဟန်အပြည့်နှင့်ရှိနေ၏
" အချိန်မတော်မေရယ် ဘာလို့တစ်ယောက်တည်းထွက်လာတာလဲ အိမ်မှာဘာပြဿနာဖြစ်လာလို့လည်းကွာ "
" အင့်....ဒီမှာမပြောပြချင်ဘူး "
" ကိုကို့အိမ်လိုက်ခဲ့မလား မေ "
" ဟုတ် "
ထိုအချိန်စိုင်းဟန်လည်း မေ့ဖုန်းကအသံမြည်လာလို့ကြည့်လိုက်တော့ contact မှာ ဖေကြီးဆိုတဲ့နာမည်နဲ့ပေါ်လာတာကိုတွေ့ရသည်
ဒါပေမယ့် မေကတော့ထိုဖုန်းကိုလျစ်လျူရှုကာ တစ်ခါတည်းဖုန်းကိုပါ ပါဝါချလိုက်သည်
သေချာပါပြီ ဒီပုံစံအရဆိုအိမ်နဲ့ပြဿနာတက်လာတာပဲဖြစ်မည်
သူ့အိမ်ကိုရောက်တော့ မေ့ကိုရေတစ်ခွက်အရင်သောက်စေသည်။ ပြီးမှတစ်ဖက်ခုံမှာထိုင်ကာ မေပြောမယ့်စကားများကိုနားထောင်ရန် အသင့်ပြင်နေလိုက်သည်
YOU ARE READING
Mysterious Love (Ongoing)
RomanceZoom Class တစ်ခုမှာတွေ့ရတဲ့ဆရာကို စိတ်ဝင်စားရာကနေ မတော်တဆတစ်ခုကြောင့် နှစ်ယောက်သားလက်ထပ်လိုက်ရပြီး ကောင်မလေးဘက်ကနေ ဆရာဖြစ်သူကို ချစ်စိတ်တွေပေါက်ဖွားလာအောင် ဘယ်လိုလုပ်ဆောင်မလဲ?