Mysterious Love
~~~~~~~~~~~~~~
Part - 30
~~~~~~~~~
" ဖုန်းဆက်တဲ့အကြောင်းအရင်းလေးပြောပါဦး နန်း "တစ်ဖက်ကထွက်လာတဲ့စကားကြောင့် နန်းခမ်းလည်း ထိုလူကိုမမြင်ရဘဲနှင့် မျက်စောင်းထိုးလိုက်မိသည်
" ကလေးနှစ်ယောက်ပြန်ပေါ်လာပြီ ကျော်စွာ "
" ဟမ် ကလေးနှစ်ယောက်......အော် နန်းရဲ့တူမလေးတွေလား "
" ဟုတ်တယ် "
" ဘာဖြစ်လို့လဲနန်း "
" ဘာဖြစ်ရမှာလဲကျော်စွာ အဲ့ကလေးနှစ်ယောက်သာ ကိုကြီးရဲ့သမီးတွေမှန်းသိသွားရင် ငါ့ ငါ့ကိုအားလုံးမုန်းသွားကြမှာပေါ့ "
" နန်းကလည်းကွာ ဘာကိုတွေးပြီးကြောက်နေတာလဲ ဖီရိုနာမီးဖွားတုန်းက သူ့အနားမှာမင်းပဲရှိတာ အဲ့တုန်းကလည်းသားလေးနှစ်ယောက်မွေးတယ်လို့မင်းပြောခဲ့တာပဲလေ အော်......ဆေးရုံက ဆရာဝန်နဲ့သူနာပြုမလေးတွေကလည်းအတည်ပြုပေးခဲ့တာပဲ "
" နင်မသိဘူးကျော်စွာ အဲ့ကလေးတွေရဲ့မျက်နှာက သားခိုင်ခန့်နဲ့တစ်ရုပ်တည်းပဲ.....ဘယ်သူ့ကိုပဲမေးမေး သူတို့တွေကမောင်နှမဆိုတာတန်းပြောနိုင်တဲ့အထိပဲ "
" ဘာပဲဖြစ်ဖြစ် အခုချိန်ထိဘယ်သူ့မှအဲ့ကိစ္စကိုသံသယမဝင်ကတည်းက နန်းကိုယုံကြည်လို့ပဲပေါ့ နန်းသာမူမပျက်အောင်နေပါ "
" ငါ နင့်စကားကိုနားထောင်ခဲ့တာသိပ်မှားတယ် ကျော်စွာ "
" ဟားဟားဟား နန်းကလည်းကွာ ကိုယ့်ကိုစိတ်ညစ်အောင်ပြောပြန်ပါကောလား "
" နင့်ကြောင့် နင့်ကြောင့်သာငါအပြစ်ရှိစိတ်တွေဖြစ်နေရတာ "
" ကိုယ့်ကိုပဲအပြစ်မတင်နဲ့နန်း.....ကိုယ်ကအကြံပဲပေးခဲ့တာ တစ်ကယ်လုပ်ဆောင်ခဲ့တာကနန်းပါ "
" နင်ကလည်းကိုကြီးကိုမနာလိုဖြစ်နေလို့ ငါ့ကိုအခုလိုအကြံမျိုးနင်ပေးခဲ့တာပါကျော်စွာ "
" Right! သိပ်မှန်တယ် ငါမင်းနောင်ပေါ်ကိုမနာလိုစိတ်ရှိတယ် အေး အဲ့စိတ်ကလည်းအခုထိရှိတုန်းပဲ ဒါကလည်းနန်းကြောင့်ပဲ.....နန်းသာကိုယ့်ကိုပြန်ချစ်ခဲ့ရင် အခုလောက်ဆိုကိုယ်တို့တွေပျော်နေရလောက်ပြီ ဒါပေမယ့်နန်းက သူ့ကိုပဲရွေးချယ်သွားတယ် "
YOU ARE READING
Mysterious Love (Ongoing)
RomanceZoom Class တစ်ခုမှာတွေ့ရတဲ့ဆရာကို စိတ်ဝင်စားရာကနေ မတော်တဆတစ်ခုကြောင့် နှစ်ယောက်သားလက်ထပ်လိုက်ရပြီး ကောင်မလေးဘက်ကနေ ဆရာဖြစ်သူကို ချစ်စိတ်တွေပေါက်ဖွားလာအောင် ဘယ်လိုလုပ်ဆောင်မလဲ?