Mysterious Love
~~~~~~~~~~~~~
Part - 21
~~~~~~~
" ဟုတ် မေကြီး သန်းခေါင်စာရင်းမိတ္တူပဲမလား "" အဲ့ဒါရယ် မေကြီးရဲ့မှတ်ပုံတင်ရယ် "
" ဟုတ် သမီးပြောလိုက်မယ် "
" အေးဟုတ်ပြီသမီး ဒါပဲနော် "
" ဟုတ်ကဲ့ "
မေကြီးကတော့အိမ်ကလူတွေကဖုန်းမကိုင်ဘူးဆို၍ သူမဆီကိုဆက်လာပြီး အိမ်ကိုလှမ်းပြောခိုင်းလေသည်
ဒီအချိန်ဆိုသူတို့တွေဖုန်းအားသွင်းထားပြီး tv ကြည့်နေလောက်ပြီ
ဒါကြောင့်မေပျိုလည်း message မှာ စာသာပို့ထားလိုက်သည်
" အမေဆက်တာလား "
" ဟုတ် "
" ဒါနဲ့ ညီမလေးကဘယ်ဇာတိလဲ "
" မေပျိုကရန်ကုန်ဇာတိပဲ ရန်ကုန်မှာပဲမွေးပြီး ရန်ကုန်မှာပဲကြီးတာ "
" ပီစိုင်းတို့ ၄ယောက်ကတော့ လုံးဝကိုရှမ်းသားစစ်စစ်လေးတွေပါဗျာ "
" မေပျို မေးမိလို့လား "
" ခွီး "
" အဟင်း "
" အဟွန်း "
စိုင်းဟန်နဲ့ အကိုနှစ်ယောက်ကလည်း မေပျိုငယ်ရဲ့အပြောကြောင့် မင်းသန့်ကိုကြည့်ပြီးရယ်လိုက်ကြသည်
" နောင့်က စကားအကောင်းပြောပြီဆိုရင်ထထဖောက်ပြီ "
" အဟဲ စတာစတာ "
" ညီမလေး တစ်ဆယ် နှစ်ဆယ်တန်ခေတ်ကိုမှီသေးလား "
" မှီတာပေါ့ အကိုရဲ့ ငယ်ငယ်ကဆိုမုန့်ဖိုးက တစ်ဆယ်ပဲရတာ သူငယ်တန်းတက်တော့ ၅၀ ရတယ် "
" ကိုကိုကြီးတို့ဆို ငါးမူး တစ်ကျပ် အဲ့လောက်ပဲရတာကွ "
" ကိုကိုကြီးတို့ခေတ်က အဲ့လောက်ဆိုများတာပေါ့ "
" မဟုတ်ဘူးနောင့် အဲ့ဒါကိုကိုကြီးတို့ငယ်ငယ်တုန်းကရတာ ကျောင်းတက်ပြီဆိုကတည်းက ရာတန်တွေပဲရတော့တာ "
" အခုခေတ်နဲ့ဆို တော်တော်များလောက်မယ် ပြောပြဦးမယ်သိလား မေပျိုတို့ငယ်ငယ်တုန်းကပေါ့ မေပျိုတို့အိမ်အနီးတစ်ဝိုက်မှာ မြက်ပင်တွေပဲရှိတာ......အဲ့တုန်းကလည်း အဲ့နေရာကမတိုးတက်သေးဘူး နောက်ပိုင်းမှတဖြည်းဖြည်းချင်းတိုးတက်လာပြီး အခုဆိုမေပျိုတို့လမ်းထဲမှာ တိုက်အိမ်တွေကြီးပဲ "
YOU ARE READING
Mysterious Love (Ongoing)
RomanceZoom Class တစ်ခုမှာတွေ့ရတဲ့ဆရာကို စိတ်ဝင်စားရာကနေ မတော်တဆတစ်ခုကြောင့် နှစ်ယောက်သားလက်ထပ်လိုက်ရပြီး ကောင်မလေးဘက်ကနေ ဆရာဖြစ်သူကို ချစ်စိတ်တွေပေါက်ဖွားလာအောင် ဘယ်လိုလုပ်ဆောင်မလဲ?