အပိုင်း (၂၅)

3.8K 149 58
                                    

Mysterious Love
~~~~~~~~~~~~~~~
Part - 25
~~~~~~~~
မေပျိုတစ်ရေးနိုးလာလို့ နာရီကိုကြည့်လိုက်တော့ မနက် ၄နာရီပဲရှိသေးသည်

ကိုကြီးကိုကြည့်လိုက်တော့ ကိုကြီးကတစ်ဖက်ကိုလှည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလျက်

ညတုန်းကအဖြစ်အပျက်ကိုပြန်တွေးမိတော့ ရှက်သလိုလို ကျေနပ်သလိုလိုနှင့်

ညက ကိုကြီးကိုယ်တိုင်ပဲ သူမကိုသန့်ရှင်းရေးလုပ်ပေး အဝတ်အစားဝတ်ပေးနှင့် တစ်ယောက်တည်းဗြာများခဲ့ရသည်

ဒါ့အပြင်အိပ်ရာခင်းတွေမှာအစွန်းအထင်းတွေဖြစ်သွားလို့လည်း လဲရသေး၏

''' ကိုကြီးကိုချစ်လိုက်ရတာဆိုတာလေ "'

မေပျိုလည်း ကိုကြီးရဲ့ကျောပြင်မှာမျက်နှာလေးအပ်ပြီး လက်ကလည်းကိုကြီးခါးကိုဖက်ထားကာ ခြေထောက်ကလည်း ကိုကြီးခြေထောက်ပေါ်ကိုခွတင်ထားပြီးပြန်ပြီးအိပ်စက်လိုက်သည်

သူရိန်ကတော့ မေပျိုငယ်ရဲ့အထိအတွေ့ကြောင့်နိုးသွားရပြီး သူမလေးဘက်ကိုလှည့်ကာ ရင်ခွင်ထဲကိုဆွဲသွင်းလိုက်သည်

" နိုးသွားတာလားဟင် ကိုကြီး "

" အင်း .... ပြန်အိပ်တော့သည်းငယ် စောသေးတယ် "

" ဟုတ် "

မေပျိုလည်းကိုကြီးရဲ့ပါးပြင်လေးကို အနမ်းဖွဖွလေးပေးလိုက်တော့ ကိုကြီးကမျက်လုံးတွေမဖွင့်ဘဲ ပြုံးလာလေသည်

ထို့နောက်တွင်တော့မေပျိုလည်း ကိုကြီးရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီး အိပ်စက်လိုက်တော့သည်

Sunday ဖြစ်နေလို့တော်သေးသည်ပြောရမည်။ မေပျိုနဲ့ကိုကြီးနှစ်ယောက်လုံး ၁၀ နာရီမှအိပ်ရာနိုးကြသည်

" အဝတ်အစားတွေလည်းမသိမ်းရသေးဘူး ကိုကြီး "

" နည်းနည်းပဲထည့်လေသည်းငယ် ကလောရောက်မှကျွန်တော်လိုက်ဝယ်ပေးမယ် "

" ရာသီဥတုကအေးမှာလားဟင် ကိုကြီး "

" မိုးတွင်းဆိုတော့ အနည်းငယ်ပဲအေးမှာပါ "

" ဘာပဲဖြစ်ဖြစ် အနွေးထည်ပဲများများထည့်လာတော့မယ် "

" သည်းငယ်ရဲ့ skincare တွေမမေ့နဲ့ဦး "

Mysterious Love (Ongoing) Where stories live. Discover now