အပိုင်း(၂၁)
နေ့လယ်က မိုမိုပြောခဲ့သော စကားတေကိုနားထဲကြားယောင်ရင်း လီလီအတွေးများနေခဲ့ရသည်။
သူတို့နှစ်ဦး ငယ်ငယ်ကသိခဲ့ကြတာကို ဘယ်သူမှမသိစေနဲ့တဲ့လား၊ ဘာကြောင့်များပါလိမ့်၊ ဒေါ်မြချယ်ရီက ဘာလို့မိုမို့ကိုလိုက်ဒုက္ခပေးနေရတာလဲ"လီလီ....လီလီ....ဟဲ့လီလီ"
"ဟေ ဟေ"ကျောကုန်းအားလှမ်းရိုက်ကာမှ လန့်ကာထူးတော့သည်။
"အား... နာတာ... ဘာလဲပြော"
"ဘာဖြစ်နေတာလဲ တငိုင်ငိုင်နဲ့ ရုံးစရက်ကြီးကို"
"အမ်...ဘာမှမဖြစ်ပါဘူး ဒီလိုပဲ တွေးစရာလေးရှိနေလို့ပါ"
"ကန်တင်းသွားမယ်လေ နေ့လယ်စာ စားကြရအောင်"
"အော် အေးအေး"
-------
ကန်တင်းမှာ သူငယ်ချင်းသုံးယောက် အတူထိုင်ကာ နေ့လယ်စာ စားနေကြရင်း သူတို့နှင့်မလှမ်းမကမ်းထောင့်တနေရာက စားပွဲတွင်တော့ ဆူးခတ်နွယ် တစ်ဦးတည်း ထိုင်ကာစားရင်းဖုန်းကို မလွတ်တမ်းကြည့်နေလေသည်။ ထိုစဉ် မိန်းကလေးတစ်ဦး သူ့ရှေ့သွားရပ်ကာ ဝင်ထိုင်တာကိုမြင်လိုက်ရဖြင့် ဆုမြတ်ခေါင်းထောင်သွားကာ ဘေးက လီလီ့အား တံတောင်နဲ့တွတ်လေသည်။"ဘာလဲ"
"ဟိုမှာ...ဟိုမှာ"ဆုမြတ်အပြောကြောင့် ကျောခိုင်းထားတဲ့ချယ်ရီလည်း လှည့်ကြည့်ရင်း ဆုမြတ်နဲ့လီလီ့ဘက်အားလှည့်ကာ
"ဘာဖြစ်နေကြတာလဲ...တနေ့လုံး အဲ့ဌာနမှူးကိုပဲ အာရုံစိုက်နေကြတယ်"
"အမယ် ငါ့အတွက်မဟုတ်ပါဘူးနော် လီလီ့အတွက်"နှစ်ယောက်လုံး လီလီ့အား စူးစမ်းသော အကြည့်များနှင့်ကြည့်လာတာကြောင့်
"ဘာလဲ ဘာကိုလဲ...ငါ့အတွက်တဲ့လား အဓိပ္ပာယ်မရှိတာက"ခေါင်းကိုရမ်းရင်း ထမင်းကို တစ်လုတ်ပြီးတစ်လုတ်အမြန်သွင်းနေတော့သည်။ ဆုမြတ်ရယ်ရင်း
"တမနက်လုံးနင်သူ့ကိုပဲလိုက်ကြည့်နေလို့လေ...စိတ်များဝင်စားနေသလားလို့ အဟိဟိ"
အဆမတန်ထည့်လိုက်လို့ နင်နေသဖြင့် ရေသောက်နေစဉ်မှာပဲချယ်ရီ့အမေးကြောင့် ရေသီးတော့သည်
YOU ARE READING
...Suu ...(Therapy Of Love)
Roman d'amourမင်းဘဝမှာ အရာအားလုံးဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားချက်မျိုး ရှိခဲ့ဖူးလား.... ရှင်သန်နေရတာ ဘာအတွက်လဲဆိုတာကောတွေးမိဖူးလား.... အဓိပ္ပာယ်မရှိတဲ့ဘဝကြီးကိုရှေ့ဆက်ဖို့အတွက် အကြောင်းပြချက်သေးသေးလေးတစ်ခုထဲနဲ့တင်လုံလောက်တယ်ဆိုယုံနိုင်လောက်လား... 🤙🤙