26(Unicode)

17 0 0
                                    

မင်တိုင်းပြည်သို့ပြန်ရောက်ပြီးနောက်တွင် လျိုကျိန်းဝေတစ်ယောက် မင်းသား၃ဟွမ်ကျောက်ရန်နှင့်ရော ဝူခယ့်နှင့်ပါမတွေ့ဖြစ်တာ ၃ရက်ပင်ရှိပြီ။ ဦးရီးတော်ကလည်း သူ့ကိုအတွေ့မခံပါ။

အဖေ့ကိုသွားတွေ့ရအောင်ကလည်း အကိုတော်၂ပြန်ရောက်လာသည်နှင့် တံခါးပိတ်ဆွေးနွေးခြင်းများသာ လုပ်နေသည်ဟုပြောသောကြောင့် သွားမတွေ့နိုင်ပါ။

သူ့ရဲ့မမကရော။ မမကတော့အခန်းပိတ်ပြီး ပန်းချီဆွဲနေပြီး ဘယ်သူ့ကိုမှ အဝင်မခံဘူးဟု ပြောကြသည်။ ဒါဆို မမဆီလည်းသွားလို့မဖြစ်သေးဘူးလေ။

အိမ်ရှေ့စံရှိသေးသည်။ သို့သော်လည်း အိမ်ရှေ့စံက အထူးတာဝန်တစ်ရပ်နှင့်နန်းပြင်သို့ထွက်သွားသည်။

အကိုတော်၅ရှိသေးတာဘဲ။ တော်ရုံဆိုအကိုတော်၅ က မထင်ပေါ်ပါ။ သူက သိုသိုဝှက်ဝှက်နှင့်အေးအေးဆေးဆေးနေတတ်သူသာ။

သူ့ခြေလှမ်းများက မင်းသား၅ရှိရာ နန်းဆောင်၏ မလှမ်းမကမ်းတွင်ရပ်တန့်သွားရသည်။

မင်းသား၅နန်းဆောင်ရှေ့တွင်ရဲမက်များစွာစောင့်ကြပ်နေသည်။

သူအရဲစွန့်ကာရှေ့ကိုလှမ်းသွားတော့ ရဲမက်များက သူ့ရှေ့တွင်ပိတ်ရပ်လေသည်။

''မင်းသားငယ်.......မင်းသား၅က ရေကျောက်ပေါက်နေတာမို့.....မကူးစက်အောင်ဝေးဝေးမှာနေပေးစေချင်ပါတယ်.......''

''ဪ......အင်း.....''

ပြန်လှည့်ထွက်ခဲ့ရပြန်သည်။ သိပ်ကိုပျင်းစရာကောင်းလွန်းလှသည်။ နန်းတွင်းက ကျယ်သလောက် အဖော်ပြုပေးမယ့်လူကသိပ်ကိုရှားပါသည်လေ။

ဟုတ်သား။ မိဖုရားရုသ်က ကိုယ်ဝန်ဆောင်ထားရပြီဟူသောသတင်းကိုလည်း ပြန်ရောက်ရောက်ခြင်းကြားရသေးသည်။ အဲ့တာကြောင့်ရော ဟွမ်ကျောက်ရန်ရဲ့ ပွဲတော်ကဒဏ်ရာကြောင့်ရော ဦးရီးတော်မအားလပ်တာဖြစ်နိုင်သည်။

ဒါပေမယ့်လည်းသူနဲ့တွေ့လို့တော့ရသေးသည်ကို ဘာ့ကြောင့်မတွေ့ရတာပါလဲ။

သူ့ခြေလှမ်းတို့က ဦးရီးတော်ရဲ့ခြံဝန်းလေးရှိရာ အနောက်ကုန်းမြင့်လေးသို့ တရွေ့ရွေ့ လျှောက်လှမ်းလာသည်။

The Secret Of Red Rose (Complete)Where stories live. Discover now