32(Unicode)

13 0 0
                                    

စားပွဲပေါ်ရှိ ဆေးထုပ်အဖြူလေးအားကြည့်ရင်းတွေဝေနေမိသည်။ သူဆေးသောက်ရင်  ခု ခံစားနေရတာတွေသက်သာသွားမှာလား။

ဆေးထုပ်အဖြူလေးအားသူယူလိုက်ပြီး လုပ်ရိုးလုပ်စဉ်အတိုင်း ရေနွေးကြမ်းအိုးထဲသို့ ဆေးရဲ့ ငါးပုံ တစ်ပုံကို ရောထည့်လိုက်သည်။ ဆေးနှံ့စပ်သွားအောင် ရေနွေးကြမ်းအိုးအား အသာအယာလှုပ်ခတ်လိုက်သည်။ ထို့နောက်တွင်မှ  အသစ်ရထားသော ကြွေခွက်အဖြူရောင်လေးထဲသို့  ငှဲ့ကာ တစ်ကျိက်တည်းမော့သောက်လိုက်ပါသည်။

''Thanks Ruth....if you don't bring this to me, someone can die in this palace....''

ခဏနေမှ ရုသ်အား မျက်နှာချင်းဆိုင် ကျေးဇူးတင်စကားဆိုရမည်။ 

ရေနွေးကြမ်းအိုးနှင့်ကြွေခွက်အဖြူအား ကိုင်ဆောင်ရင်း သူ့ငြိမ်းချမ်းသည့် အရိပ်အာဝါသရှိရာ လက်ပံ့ပင်အောက်သို့ လျောက်လှမ်းလာသည့်အခါ ကျိန်းဝေ လက်ဆောင်ပေးထားပါသော ခုံတန်းရှည်လေးက အသင့်စောင့်ကြိုနေလေသည်။

ခုံတန်းရှည်ပေါ်တွင် ထိုင်လိုက်ပြီး ရေနွေးကြမ်းအိုးလေးအားဘေးတွင်ချကာ ကြွေခွက်ဖြူလေးထဲသို့ ငှဲ့ကာ သောက်ရင်း ကောင်းကင်ထဲသို့‌ တိမ်တွေနဲ့အတူ စိတ်ကူးဖြင့် လွင့်မျောနေမိသည်။

ဘေးပတ်ပတ်လည်သို့ ကြွေကျနေသော လက်ပံပွင့်နီနီရဲရဲများက သူ့စိတ်အားအေးချမ်းစေသည်။ 

"ဆိုင်းရက်စ်......ခုံတန်းရှည်လေးကိုသဘောကျလား....."

ရုတ်တရက်ပင်။ သူ့မျက်နှာနား လွန်စွာမှတိုးကပ်နေပါသော လျိုကျိန်းဝေ။

''အင်း.."

''ဆိုင်းရက်စ်သဘောကျမယ်မှန်းသိသားဘဲ......"

ပြုံးရွှင်လျက်သူ့ဘေးသို့ထိုင်လာသူအား မှင်သက်စွာကြည့်နေမိသည်။ ခါတိုင်းကဲ့သို့ပင်။ နီမြန်းတဲ့ ဝတ်စုံအားဝတ်ဆင်ထားပြီး လန်းဆန်းတက်ကြွသော အငွေ့အသက်တို့လွှမ်းခြုံလျက်။ ဒီကလေးက သူ့ထက်ခေါင်းတစ်ရပ်စာ အရပ်မြင့်သွားပြီနောက် အရပ်ထပ်ထွက်မလာတော့ပေ။ ကောင်းချီးတစ်ပါးပေ။

''ကျိန်းဝေ.....ကိုယ့်ကိုတစ်ခုကူညီပေးချင်လား....''

''ဘာများလဲဆိုင်းရက်စ်......"

The Secret Of Red Rose (Complete)Where stories live. Discover now