Part 17 ( Zawgyi )

619 19 10
                                    

မြို့တော်ကိုပြန်ရောက်ပြီးမကြာခင်မှာပဲဆေးရုံမှာအလုပ်ဆင်းရတော့မည်ဖြစ်တာကြောင့် အနီးအနားကတိုက်ခန်းတွင်နေဖို့ဆုံးဖြတ်ထားခြင်းဖြစ်သည်။ကံကောင်းချင်တော့ဟန်သာနေသောတိုက်ခန်းမှာ သဒ္ဓိကပြောင်းလာခြင်းဖြစ်တာကြောင့် ရေကန်အသင့်ကြာအသင့်ဖြစ်၏။

ပစ္စည်းများကိုနေရာတကျချရင်း ရေပိုက်ပြင်ဖို့လူခေါ်ထားလိုက်သည်။

တီ..တီ

ဘဲလ်တီးသံကြားတာကြောင့်သိဒ္ဓိသည်တံခါးသွားဖွင့်လိုက်သည်နှင့်

"ဘယ်လိုလဲ အဆင်ပြေရဲ့လား"

အထုတ်ပေါင်းစုံကိုကိုင်ရင်းဝင်လာသောအစ်ကိုဖြစ်သူကြောင့်လက်ထဲကအထုတ်များကိုပြောင်းယူလိုက်ရင်း

"ပြေပါတယ် ရေပိုက်ကတော့ပျက်နေတယ်"

"လူခေါ်ထားပြီးပြီမှလား"

"အင်း"

အခန်းကိုလိုက်ပတ်ကြည့်နေရင်း သိဒ္ဓိအဆင်ပြေပါ့မလားတွေးနေမိသည်။အဆင့်မြင့်တိုက်ခန်းမို့ထွေထွေထူးထူးလိုအပ်တာမရှိ။ဒယ်ဒီကိုယ်တိုင်ကလည်းဆေးရုံနှင့်နီးတဲ့နေရာကိုဝယ်ပေးထားတာကြောင့် အဆင်ပြေသည်။တစ်ယောက်သောသူနဲ့လည်းတွေ့ရတာပေါ့။

"ဘာသောက်မလဲ"

"တော်ပါပြီ ဒါနဲ့ ....သူနဲ့တွေ့ပြီးပြီလား"

"စောနကပဲတွေ့ပြီးပြီ"

ခေါင်ဉာဏ်ဟာခေါင်းတညိမ့်ညိမ့်၊ပေါ့ပေါ့ပါးပါးဝတ်ထားပုံကတောင် သူ၏ချောမောမှုကိုပေါ်လွင်စေသည်။

"ဒါဆိုလည်း နားဦးလေ၊ ငါပြန်တော့မယ်"

သိဒ္ဓိကိုနှုတ်ဆက်ရင်းသူထွက်လာလိုက်သည်။ညီဖြစ်သူအဆင်‌ေပြမ‌ေပြလာကြည့်တာမို့အခုအဆင်‌ေပြ‌ေကြာင်းသိ‌ေနပြီမို့ပြန်ထွက်လာရင်းမျက်နှာချင်းဆိုင်မှအခန်းကိုအကြည့်ပို့မိတော့ သက်ပြင်းကိုချရင်းထွက်ခွာလိုက်သည်။

မြို့တော်ကိုပြန်ရောက်ပြီးသည့်သကာလသူ့မှာလုပ်စရာအလုပ်မရှိသေး။ဒယ်ဒီ့လုပ်ငန်းများကိုလည်းအနည်းအကျင်းကူညီပေးတာကြောင့် အချိန်တွင်ပိုလို့နေသည်။

Mistakes that HurtWhere stories live. Discover now