Part 20 ( Zawgyi )

355 17 11
                                    

မျက်လုံးများကိုမှိတ်ကာချစ်ရသူ၏အနမ်းများကိုခံယူနေမိသည်။ညင်သာလွန်းတဲ့အနမ်းများကြောင့် သူကိုယ်တိုင်ပါလိုက်ပါစီးမြောမိသည်။

သိဒ္ဓိရဲ့လက်များဟာဟန်သာရဲ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာအကြင်နာများကိုပေးသည်။အသက်ရှူဖို့ခက်လာသည့်အချိန်မှ ရပ်လိုက်ကာ

"မငိုပါနဲ့"

သူခပ်ဖွဖွပြုံးလိုက်ရင်း

"မငိုတော့ဘူးမို့ ခုတော့ခနပြန်အိပ်လိုက်ပါဦး"

ထိုအခါမှချစ်ရသူဟာစိတ်လျော့လိုက်တာလား၊ယောင်တာရပ်သွားသည်လားမသိ မျက်ဝန်းများကိုပြန်မှိတ်သွားလေသည်။

ပုံပျက်နေသောအဝတ်အစားကိုသေချာလုပ်လိုက်ရင်း ချစ်ရသူ၏မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေမိသည်။စတွေ့ခါစကလိုကလေးသေးသေးလေးမဟုတ်တော့ပဲ ချောမောနေတဲ့မျက်နှာကိုကြည့်ရင်းသပ်ပြင်းချမိသည်။အစအလယ်အဆုံးသူသာမချစ်ခဲ့ပါလျှင်ဒီကောင်လေးပျော်ရွှင်နေရမလား။

ဘဝမှာတစ်ခါပဲချစ်မိဖူးသည့်အချစ်ဟာ ထိုကောင်လေးကိုနာကျင်စေမယ်မှန်းမသိခဲ့တာအမှန်။အဖျားပိုတတ်လာသူကြောင့် အခန်းပြင်ထွက်ပြီးရေဇလုံနှင့်လက်ကိုင်ပုဝါတစ်ထည်ကိုသွားယူလိုက်သည်။

အိပ်မောကျနေသောခန္ဓာကိုယ်ဟာပူကျစ်နေတာကြောင့်ရေပတ်ဝတ်တင်ပေးရင်း ဘေးနားမှာထိုင်စောင့်နေမိသည်။တကယ်လို့များပေါ့ အကြောင်းစုံကိုသိသွားမယ်ဆိုရင်သူ့ကိုသိပ်မုန်းနေမလား။

....................................

မနက်ခင်းအချိန်မှာတော့သိဒ္ဓိတစ်ယောက်နိုးလာခဲ့သည်။နဖူးပေါ်ရှိရေပတ်အဝတ်ကိုယူလိုက်ရင်းထထိုင်လိုက်သည်။ကုတင်ဘေးမှခုံပေါ်တွင်အိပ်နေသူကိုကြည့်ရင်း ဘာခံစားချက်မှမခံစားရ။

"နိုးပြီလား..... သက်သာသွားပြီပဲ"

နိုးနိုးခြင်းသူ့နဖူးကိုလာစမ်းသူကြောင့်သက်ပြင်းချလိုက်မိသည်။အစ်ကို့ရဲ့အမျိုးသားဟောင်းကိုဒီလိုပတ်သတ်နေရတာမှန်ရဲ့လားမသိ။

"နေမကောင်းသေးဘူးလား"

"ကျွန်တော်သက်သာပါပြီ"

Mistakes that HurtWhere stories live. Discover now