Part 6 (Zawgyi)

684 16 5
                                    

မှောင်မည်းနေသောညခင်းအချိန်အခါဝယ်သိဒ္ဓိတစ်ယောက်အိမ်ထဲတွင်ထိုင်လို့နေသည်။အရင်လိုဆူညံမှုရှိတဲ့အိမ်ဟာတိတ်ဆိတ်သွားခဲ့သည်မှာတစ်ပတ်တိတိရှိခဲ့လေပြီ။အမေနဲ့ညီမလေးမရှိတော့ဘူးဆိုသောအသိကိုလည်းတဖြည်းဖြည်း သိဒ္ဓိတစ်ယောက်လက်ခံလာနိုင်ပြီဖြစ်သည်။တစ်ပတ်လုံးပြိုလဲနေခဲ့သည့်သူမှာလူရုပ်တောင်သိပ်မပေါ်ချင်။အချုပ်ခန်းထဲကလွတ်လာပြီး‌ေနာက်ခပ်တိုတိုပေါက်နေသောမှုတ်ဆိတ်တွေဟာအခုမှာတော့အနည်းငယ်စူးသည့်အနေအထားကိုရောက်လုနေသည်။ဖံလံထည်အကွက်အင်္ကျီနှင့်ပုဆိုးတစ်ထည်ကိုသာဝတ်ထားသည့်ပုံမှာရှိရင်းစွဲရုပ်ထက်အခုတစ်ခါမှာတော့ပုံပျက်ပန်းပျက်ဖြစ်လို့နေသည်။

တစ်ပတ်လုံးသူဘယ်လိုနေထိုင်ခဲ့မှန်းတောင်ကိုယ့်ကိုမသိချေ။အချိန်တန်ဘေးအိမ်ကအဒေါ်ယူလာပေးသောထမင်းကိုလည်းသူစားချင်သောအချိန်အခါမှစားဖြစ်သည်။စိတ်ထဲတွင်လည်းဘယ်လိုမှဖြေသိမ့်မရခဲ့။နာကျင်ရခြင်း၊‌ေဖြသိမ့်မရခဲ့ခြင်း စသောအမျိုးမျိုးကိုခံစားရပါသော်လည်းငိုခြင်းအလုပ်ကိုတော့သူထပ်မလုပ်ဖြစ်ခဲ့ပါ၊အဲ့ဒီအစား ထိုလူတွေကိုသတ်ပစ်ချင်လောက်တဲ့အထိလုပ်ပြစ်ချင်ခဲ့သည်။

"သား မင်းနှယ့်ထမင်းမစားရသေးဘူးလား"

အိမ်ထဲကိုဝင်လာပါသောအဒေါ်ဟာပုံမပျက်သေးသောထမင်းပန်းကန်ကိုကြည့်ကာဆိုလာ၏။

"ကျွန်တော်မစားချင်သေးလို့ပါ"

သူမသက်ပြင်းဖွဖွချမိသည်၊သူမရဲ့အမည်ဟာမအေးသန္တာဖြစ်သည်။သူမဟာသားသမီးမရှိသောတစ်ခုလပ်မိန်းမတစ်‌ေယာက်ဆိုလည်းမမှား၊ယောက်ျားဖြစ်သူဟာသူမကလေးထပ်မရနိုင်သောကြောင့်သူမကိုစွန့်ပစ်သွားရှာသည်။ပထမကလေးဆုံးရှုံးပြီးနောက်သူမအရူးမီးဝိုင်းဖြစ်ခဲ့ချိန်ယောက်ျားဖြစ်သူကပါသူမကိုစွန့်ပစ်သွားသည်။သူမသည်သားသမီးဆုံးရှုံးထားသော  Omegaဖြစ်သော်လည်းယောက်ျားဖြစ်သူ Alpha ကပါမိမိကိုမလိုအပ်တော့ပေ။အခုဆိုတစ်ယောက်ထဲရပ်တည်လာခဲ့သည်မှာတော်တော့်ကိုကြာခဲ့လေပြီ။

သူမအနေနဲ့သိဒ္ဓိကိုရောနောင်ရိပ်လေးကိုပါ ကိုယ့်သားသမီးသဖွယ်ချစ်ခင်ရသူဆိုလည်းမမှား၊အမေရောညီမလေးပါဆုံးရှုံးသွားတဲ့သိဒ္ဓိကိုသူမအနေနဲ့စာနာသနားမိပါသည်။သို့ပေမယ့်လည်းအခုလိုပြိုလဲနေလို့မဖြစ်သေးဘူးမှလား၊ကိုယ်ကကျန်ရစ်ခဲ့ရသူမို့ရှင်သန်မှကိုရမည်။

Mistakes that HurtWhere stories live. Discover now