ညဆိုင်းဖြစ်သည်ကြောင့်ဒီမနက်မှအိမ်ပြန်ရမည်ဖြစ်သည့်သိဒ္ဓိသည်ဖတ်လက်စဆေးစာအုပ်တစ်ချို့နှင့်အလုပ်အိတ်ကိုကောက်ယူသိမ်းဆည်းကာပြန်ဖို့လုပ်နေလေရဲ့။ထိုချိန်ဖြိုးဟိန်းကသူ့ကိုကြည့်ကာ
"ဒီနေ့ပထမစံအိမ်တော်ကပွဲကို မင်းရောသွားရမှာလား"
"အင်း"
"ဝိုး....မိုက်တာပေါ့၊ငါလည်းပထမစံအိမ်တော်ကလူတွေကိုမြင်ဖူးချင်တာ ဒီဆေးရုံမှာအလုပ်လုပ်နေပေမယ့်သခင်ကြီးတို့ကိုခုထိမမြင်ဖူးသေးဘူး"
ဖြိုးဟိန်းရဲ့အပြောကိုသိဒ္ဓိဟာအင်းလို့ထောက်ခံသည်။ဒီကောင်စကားနည်းမှန်းသိတာကြောင့်ထွေထွေထူးထူးစိတ်ထဲမရှိ၊ဆေးနှင့်ပတ်သတ်သည့်ကိစ္စများကြရင်တော့ပြောရဆိုရပိုလွယ်သည်။
"ပြန်တော့မှာလား"
ခုမှခွဲစိတ်ပြီးဝင်လာသောဇာကြီးဟာပြောလာခြင်း။သုံးယောက်လုံးမနေ့ညကပင်ပန်းထားသော်လည်းဇာကြီးနှင့်ဖြိုးဟိန်းကတော့နေ့တစ်ပိုင်းထိထပ်ဆင်းရဦးမှာဖြစ်၏။
"အင်း ပေါင်မုန့်တစ်ချို့ကျန်သေးတယ်၊မနက်စာယူစားလိုက်ကြ"
"သဘောကောင်းတဲ့သခင်လေးပဲကွာ"
ဖြိုးဟိန်းဟာရွှတ်ရွှတ်နှောက်နှောက်ဖြင့်စသည်။ဇာကြီးသည်လည်းပြုံးလို့
ထို့နောက်တွင်တော့သူငယ်ချင်းနှစ်ယောက်ကိုထားခဲ့ပြီးသိဒ္ဓိသည်ပြန်သွားလေ၏။ကားမောင်းနေရင်းတစ်ဖက်ဦးေလးဖြစ်သူဆီမှဖုန်းဝင်လာသည်ကြောင့်ဆောင်လေ့ရှိသော airport ကိုထုတ်လိုက်ရင်းချိတ်ဆက်လိုက်ကာ
*သားငယ် အိမ်တော်ကိုအရင်လာမှာလား၊သားငယ်ဘာသာလာမှာလား*
"ကျွန်တော့်အိမ်ကပဲလာခဲ့တော့မယ်"
* အေးအေးသား ဒါဆိုပွဲရောက်မှပဲဆုံကြတာပေါ့*
ထို့နောက်နားထဲမှနားကြပ်ကိုထုတ်လိုက်ရင်းပြန်လည်သိမ်းလိုက်သည်။
ပထမစံအိမ်တော်မှပွဲရှိတာကြောင့်မဖြစ်မနေတတ်မှရမည်၊ပိုင်ယုညီဟာ သိဒ္ဓိကိုကယ်ထားတာကြောင့်မဖြစ်မနေကိုတတ်သင့်သည့်ပွဲပင်။နောက်ပြီးပထမစံအိမ်တော်၊ဒုတိယစံအိမ်တော်ပစရှိသည့်စံအိမ်တော်များလာမည်ဖြစ်တာကြောင့် မတတ်လို့မဖြစ်။
![](https://img.wattpad.com/cover/375517927-288-k776883.jpg)
YOU ARE READING
Mistakes that Hurt
RomansaMain character Name - Theikdi Linn Naung Date of birth - December 12 Height - 190.50 cm Weight - 75kg Hobby - Being silent Employment - Cardiologist / P...