UniOffroad ရဲ့ ရှေ့တည့်တည့် ထိုလူကြီးသည် အခန့်သား မတ်တပ်ရပ်လာခဲ့လေသည်။
"အထဲပေးမဝင်တော့ဘူးလား "
"အာ....အာ ဟုတ်ကဲ့ ရပါတယ် "
Offroad နောက်ဆုံးမှာ ခြံတံခါးဖွင့်ပေးလိုက်ပြီးနောက် ထိုလူအား ဧည့်ခန်းတွင်း နေရာချပေးလိုက်လေသည်။ ပြီးနောက် ကော်ဖီတခွက်အား ထိုလူကြီး
ရှေ့ ချပေးလိုက်ပြီး Offroad ထို လူကြီးရှေ့ မတ်တပ်ရပ်နေလိုက်သည်။"ထိုင်ပါအုန်း "
သို့သော် Offroad မတ်တပ်သာ ဆက်ရပ်နေခဲ့ပြီး ထိုလူအား အကဲခတ်နေခဲ့လေသည်။ ထိုလူကြီးသည်
ခြေတဖတ်ချိတ်ထိုင်လိုက်ပြီး နောက် ကော်ဖီအား
အနည်းငယ် သောက်လိုက်လေသည်။ ပြီးနောက် စကားစလာခဲ့လေသည်။" မင်းကိုဘယ်က စပြောသင့်လဲ ဟုတ်သားပဲ Samuel အကြောင်းကနေ စသင့်တာပေါ့ ..... "
ထိုလူကြီးစကားမစခင်မှာပဲ လူရိပ်တခု အိမ်ထဲအပြေးဝင်လာပြီးနောက် Offroad အားလှမ်းဆွဲပြီး
သူ့အနောက်မှာ ထားလိုက်လေသည်။ ပြီးနောက် Offroadဖတ်လှည့်လာပြီး သူ့တကိုယ်လုံးအား လှည့်ပတ်ကြည့်လေတော့သည်။"Road သူ မင်းကိုထိခိုက်အောင်လုပ်သေးလား "
"မလုပ်ပါဘူး P'Ou ဘာဖြစ်လို့လဲ ? "
"ဘာမှမဖြစ်တာတော်သေးတာပေါ့ ကို့နောက်မှာပဲနေနော် "
"P'Ou "
"နော် ... "
"ဟုတ် "
သူ့ရှေ့မှာ ရပ်နေသူသည် မနက်ကတင် အလောတကြီး ထွက်သွားတဲ့ Daouဖြစ်လေသည်။
Offroadလဲ ဘာဖြစ်သလဲ? မေးကြည့်ချင်ပေမဲ့ Daouရဲ့ တောင်းဆိုသလို တချက်အကြည့်
တွင် Daouနောက်တွင်သာ ငြိမ်ငြိမ်သတ်သတ် နေလိုက်တော့သည်။ Daouကတော့ သူ့ရှေ့က Nake အားစူးစူးရှရှကြည့်လိုက်လေသည်။"ခင်များ ဘာလာလုပ်တာလဲ ? ဒီနေရာက ခင်များကို မကြိုဆိုဘူး ခုချက်ချင်းထွက်သွား !! "
"P'Ou... "
သူ့အား စိုးရိမ်သလိုခေါ်လာတဲ့ Offroad ကြောင့်
Daouလဲ လက်ပြန်ဆွဲထားတဲ့ Offroadလက်လေးအား အနည်းငယ်ဆုပ်ကိုင်ထားလိုက်လေသည်။ ပြီးနောက် သူ့လေသံအား အနည်းငယ်လျော့လိုက် လေသည်။
YOU ARE READING
Behind (Bl )
FanfictionHello Everyone 🤠🤠🤠 ခုတလောFanfic တပုဒ်အရမ်းရေးချင်စိတ်တွေဖြစ်နေလို့ပေါ့နော်။ ခုတလော အဖိုးတို့အတွဲကို အရမ်းတွေ ဖောအင်လပ်နေတော့ P'Daou နဲ့ P'offroad တို့အတွက် fanfic လေးရေးချင်လာလို့ပါ။ အဖိုးကိုမာဖီးယားပုံစံလေးသွင်းကြည့်မယ်ပေါ့နော်။ အဖိုးမျက်နှာက...