'sunoo hyung ကျွန်တော်ဘာဝတ်ရမလဲ။'
အခုကတော့ နှစ်ယောက်သား nikiအခန်းထဲမှာ nikiဝတ်ဖို့ အဝတ်ရွေးနေကြလေသည်။
ထိုတော့မှ ကုတင်ပေါ်တွင် မှောက်လျက်ဖုန်းကြည့်နေသော sunooက ထလာကာ
niki၏ ဗီရိုအား ဖွင့်ကြည့်လေ၏ ။'imm....ပေါ့ပေါ့ပါးပါးပဲ ဝတ်ကြတာပေါ့ ။ ဘောင်းဘီအမည်းလေးရယ်...ဒီအင်္ကျီလေးနဲ့ဝတ်လိုက် ။ ပြီးတော့ နေနည်းနည်းပူတယ်ဆိုတော့ လက်ရှည်အပါးလေးထပ်ပြီး....ဦးထုပ်အဝိုင်းလေးဆောင်း။ '
nikiကတော့ sunooကို အထင်ကြီးပြီးရင်းအထင်ကြီး နေမိတော့သည်။
sunoo hyungက အားလုံးတော်နေသည် မဟုတ်လား ။ ခုဏက မေမေပြောလို့ sunoo hyungက သူ့အား ဖုန်းဝယ်ပေးဖို့ ပြောရန် သူ့မာမားအား ပူဆာခဲ့မှန်းသိခဲ့ရသည်။အားလုံး အဆင်သင့်ဖြစ်ပြီးနောက် နှစ်ယောက်သား jungwonအားသွားခေါ်ရန် စီစဉ်ကြလေ၏ ။
'sunoo hyungဘယ်လိုသွားကြမလဲ ။ '
'ဒီနေ့ပါပါးရုံးမသွားဘူး ။ ပါပါးကားရှိတယ်လေ ။ အဲ့ဒါနဲ့သွားကြမလား ။ '
'sunoo hyung မောင်းတတ်လို့လား ။ ပြီးတော့ အသက်လည်း မပြည့်သေးပဲနဲ့ ။ '
'မောင်းတတ်တာပေါ့ဟ ။ ခရီးအဝေးကြီးမဟုတ်ပေမဲ့...ဟိုနားဒီနားတော့ မောင်းဖူးပါတယ် ။ ပြီးတော့ နောက်နှစ်ဆို အသက်ပြည့်ပါပြီနော် ။ '
'sunoo hyung မှာ လိုင်စင်လည်း မရှိသေးပဲနဲ့...ဘယ်လိုလုပ်မှာလဲ ။ jungwon hyung အိမ်ကဝေးလား ....ခြေကျင်နဲ့ပဲသွားရအောင်လေနော် ။ '
'စိတ်ချပါ...ဟိုနားဒီနားလောက်က လိုင်စင်မစစ်ဘူးရယ် ။ ခဏစောင့်နော်...ကားသွားယူလိုက်ဦးမယ် ။ '
နောက်ဆုံးမှာတော့ sunooစိတ်တိုင်းကျ niki မှာ ခေါင်းငြိမ့်လိုက်ရ လေတော့သည်။
ခဏနေတော့....မိမိရှေ့သို့ရောက်လာသော
ကားတစ်စီးသည်...ကားမှန်ပြတင်းအားချလျက် ...."nikiလေး ...လာတက်လေ။"
အခုမှသတိထားမိတယ်...sunoo hyungကနေကာမျက်မှန်ပါ တပ်လာတာကိုး ။
'တန့်...ဒန်...သွားရအောင် ။ nikiလေး...သီချင်းနားထောင်မလား ။ hyungဖွင့်ပေးမယ် ။ '
YOU ARE READING
My Youth
Fanfiction'Hyungက ကျွန်တော်ရဲ့ မရှိမဖြစ်လေးပါ...' 'ငါ့မှာဆိုးချင်တိုင်းဆိုးခွင့်ရတာဆိုလို့ မင်းပဲရှိတာ' 'ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို မချစ်မိတဲ့သူ ဘယ်သူများရှိမှာတဲ့လဲ '