'ဟုတ်ပနော် .....မထင်ထားဘူး။ Jaeက nikiရဲ့ သူငယ်ချင်းဖြစ်လာမယ်လို့ ။ နှစ်ယောက်လုံးက စကားနည်းတဲ့သူတွေ ။ နှစ်ယောက်သား စကားရောပြောဖြစ်ကြရဲ့လား ။ ''hehe...အစက သိပ်တော့မပြောဖြစ်ပေမဲ့ ။ အခုက အကသင်တန်းရော အတူတက်နေကြတာဆိုတော့ အရင်ထက်ပိုရင်းနှီးလာပါတယ် ။ ပြီးတော့ Sakuraကလည်း စကားအများကြီးပြောတဲ့သူမို့...သူရှိရင်သုံးယောက်လုံးမပျင်းရဘူး ။ '
'nikiက အကသင်တန်းရောတက်နေတာလား ။ '
sunoo ကကြားဖြတ်ဝင်မေးလာ၏ ။
'ဟုတ်တယ်sunoo hyungရဲ့ ။ niki က အကမှာ အရမ်းပါရမီပါတယ်လေ ။ ကျွန်တော်တို့သင်တန်းသားတွေထဲ သူကအတော်ဆုံးပဲ ။ '
'ဪ....nikiကအများကြီးပြောင်းလဲတိုးတက်လာတာပဲ ။'
sunoo က nikiအားကြည့်လျက် ပြောလိုက်လေ၏ ။
ဘာလဲတော့မသိပေမဲ့ လေထုကချက်ခြင်းအေးစက်သွားသလို ။
အလိုက်မသိသော Jaeမှာသာ တစ်ခုပြီးတစ်ခု ပြောနေလေတော့သည် ။
Sakuraကတော့...nikiမေမေအား ဟင်းချက်ကူပေးမည်ဟု ဆိုကာ မီးဖိုချောင်သို့ သွားလေပြီ ။
'hyungတို့သိလား ....nikiကအေးစက်စက်ကြီးဆိုပေမဲ့...သူ့ရဲ့အဲ့ဒီပုံစံကိုက လူကြိုက်များတာ ။ niki က ဂျူနီယာလေးတွေကြား အရမ်းနာမည်ကြီးတာနော့။ '
Jaeကသူ့ကိုယ်သူ အနေအေးတယ်စကားသိပ်မပြောဘူးဟု ဆိုထားပေမဲ့...အခုကျတခြားစီ သူချည်းပဲဒိုင်ခံပြောနေတာ ။ စကားပေါလှပါတယ်ဆိုတဲ့ sunooတောင် ဘာမှမပြောရသေးပေ ။
ထိုအချိန် မီးဖိုချောင်မှ မားNoaကnikiလှမ်းခေါ်တာမို့ ထွက်သွားလေ၏ ။
ထိုအချိန်အား အခွင့်ကောင်းယူကာ Jungwonမှ
'ဒါနဲ့...Jaeရောသိလား ။nikiကဘာလို့ရန်ဖြစ်တယ်ဆိုတာ ။ 'sunoo လည်းသိချင်တာမို့ တိတ်ဆိတ်စွာနားထောင်နေလိုက်၏ ။
Jaeကတော့ မီးဖိုချောင်ဖက်ကိုတစ်ချက်ကြည့်ကာ Jungwonနှင့် Sunooတို့ ထိုင်ခုံနားဆီသို့ တိုးရင်း...
'ဒီကိစ္စကလျို့ဝှက်ချက်နော် ...ကျွန်တော်ပြောပြမယ် ။ အဲ့နေ့က PEဆရာက ကျောင်းသားတွေကို လုပ်အားပေးဖို့ ခဏခေါ်တာလေ ။ အဲ့အချိန် အတန်းထဲမှာ ကျောင်းသားအနည်းစုရယ် ကျောင်းသူတစ်ချို့ပဲရှိတာ ။ ကျောင်းသူတွေပြောကြားချက်အရတော့....'
YOU ARE READING
My Youth
Fanfiction'Hyungက ကျွန်တော်ရဲ့ မရှိမဖြစ်လေးပါ...' 'ငါ့မှာဆိုးချင်တိုင်းဆိုးခွင့်ရတာဆိုလို့ မင်းပဲရှိတာ' 'ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို မချစ်မိတဲ့သူ ဘယ်သူများရှိမှာတဲ့လဲ '