'ဗျာ ....nikiက ကျောင်းမှာရန်ဖြစ်တယ်ဟုတ်လား..မား ။ '
jungwon၏ အဘွားမွေးနေ့ပြီးပြီမို့ sunooလည်း ...အိမ်ကိုဖုန်းဆက်ချိန် သူ့မာမားက ထိုသတင်းအားလှမ်းပြောခြင်းဖြစ်လေသည်။
'ဒဏ်ရာတွေလည်း အရမ်းများနေလား ..မား ။ ဟို...မျက်နှာဖူးယောင်တာတို့....ခေါင်းထိတာတို့။ ဆေးရုံရောတက်ရမှာတဲ့လား ။ '
'အဲ့ဒါတော့ မသိဘူး ။ ဟိုဘက်ကျောင်းသားကတော့ ၁၅ရက်လောက် ဆေးရုံတက်ရမယ်လို့ကြားတာပဲ ။ '
'မားကလည်း....nikiကို သတင်းလေးဘာလေးသွားမမေးဘူးလား ။ '
'သူ့အမေကအကုန်ပြောပြပါတယ်တော်။ nikiကအဆင်ပြေတယ်တဲ့ ။
ကျောင်းတော့တစ်ပတ်အနားခံလိုက်ရတယ်ဆိုပဲ ....ပြီးတော့ ခရီးသွားမယ်ဆိုလား မားလည်းသေချာမသိဘူး ။ 'hmm...မားကတော့ ရပ်ကွက်ထဲကအတင်းတုပ်တတ်တဲ့ အဒေါ်ကြီးတွေအတိုင်းပင် ။ ပြောကပြောချင်တယ် ဒါပေမဲ့ အတိအကျ ဘာတစ်ခုမှမသိ...ဆိုပြီး စိတ်ထဲကနေသာ တွေးမိပါသည်။ ထုတ်သာပြောရင် ...သူ့မာမား၏ဂွမ်ကနဲ ခေါင်းခေါက်မည့်အသံကိုမြင်ယောင်သေးရဲ့ ။
'မျက်နှာက မသာမယာနဲ့ဘာဖြစ်နေတာလဲsunoo'
ကုတင်ပေါ်တွင်ငေးလျက်ထိုင်နေသော sunooအားကြည့်ကာ jungwonလည်းဝင်ထိုင်လိုက်၏ ။
'ဟိုကလေး ကျောင်းမှာရန်ဖြစ်လို့တဲ့ ။ သူ့ဖုန်းကလည်းခေါ်လို့မရပြန်ဘူး ။ '
'ဒါဆိုလည်း အိမ်ကိုဖုန်းဆက်ကြည့်လေ ။ သူတို့နည်းနည်းပါးပါးတော့သိမှာပါ ။ '
'ဆက်ပြီးပြီ ....မာမားနဲ့ပြောတာ ။ ဒါပေမဲ့...သူနဲ့ကိုယ်တိုင်ပြောချင်တာကို ။ '
'ဒါဆိုလည်း အန်တီNoaကိုဖုန်းဆက်လိုက်လေ ။ '
'ငါမှ ...မားNoaဖုန်းနံပါတ်မသိတာကို ။ '
'အဲ့ဒါများခက်နေသေးတယ် ။ နင့်အိမ်ကိုမေးလိုက်။ သူတို့သိမှာပဲကို ။ '
'အားးးငါဘာလို့မစဉ်းစားမိရတာလဲ။ Jungwon ကအစကတည်းကပြောသင့်တာကို။ အခုကမိုးချုပ်နေပြီ ။ ငါ့အိမ်ကလည်း အကုန်အိပ်နေရောပေါ့ ။ '
![](https://img.wattpad.com/cover/380077527-288-k788445.jpg)
YOU ARE READING
My Youth
Hayran Kurgu'Hyungက ကျွန်တော်ရဲ့ မရှိမဖြစ်လေးပါ...' 'ငါ့မှာဆိုးချင်တိုင်းဆိုးခွင့်ရတာဆိုလို့ မင်းပဲရှိတာ' 'ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို မချစ်မိတဲ့သူ ဘယ်သူများရှိမှာတဲ့လဲ '