9

17 1 0
                                    

'hello'

'sunoo hyung စာကြည့်နေတာလား ။ '

sunooရဲ့အခန်းလေးမီးလင်းနေသည်မို့ nikiကလှမ်းမေးလိုက်၏ ။

ဒီအတောအတွင်း သူတို့ဆက်ဆံရေးဟာ တိုးတက်လာတယ်ပြောရမလား။
အခုဆို nikiကကျောင်းပြန်လည်တက်နေပြီဖြစ်သလို nikiကျောင်းမသွားခင် sunooကိုလည်း အမြဲလိုက်ပို့ခွင့်ရလေပြီ ။

သို့ပေမဲ့ အပြန်ကျ....အချိန်ကမတူတာမို့ သွားမကြိုနိုင်သောကြောင့် အရင်အတိုင်း jungwonက လိုက်ပို့တတ်လေသည်။

ဒါ‌ပေမဲ့....အိမ်ရောက်ပြီဆို sunooကတခါတရံ ဟင်းလာပို့ပေးတတ်ပြီး ၊ nikiကလည်း ညဘက်ဆို sunoo hyungကို စာမေးဖို့ဆိုပြီး လာတတ်၏ ။

အခုလည်း sunoo hyungဆီကပြန်ခဲ့ပြီးနောက် လွမ်းလာ၍ ဖုန်းဆက်လိုက်ခြင်းပင် ။

'မကြည့်တော့ဘူးလေ ။ အခုက skin care နေတာ ပြီးရင် အိပ်တော့မှာ ။ '

နားကြပ်တပ်ထားလျက် sunooက skin လည်း careရင်း ဖုန်းပြောနေ၏ ။
'ကျွန်တော်ပြောစရာရှိလို့ hyung ။ နောက်အပတ်ကျရင်လေကျောင်းမှာရွှေရတု ပွဲလုပ်ဖို့ရှိတယ် ။ အဲ့ဒါ hyungတို့နှစ်ယောက်လုံးကို လာနိုင်မလားလို့ မေးချင်လို့ ။ '

hmm...ဒီကလေး အရမ်းလည် ။ အဲ့ဒါများ ခုန‌ တွေ့ကတည်းက မေးလို့ရ‌တာကို ။
'လာရမှာပေါ့ nikiလေးရဲ့ ။ nikiကရော အစီအစဉ်မှာပါဝင်မှာလား ။ '

'immm.....အဲ့‌ဒါတော့ secret။ hyungလာမှ သိရမှာ ။ '

'haha...ဟုတ်ပါပြီ ။ '

နှစ်ယောက်သားစကား‌ပြောရင်း နာရီဝက်တောင်ရှိခဲ့ပြီ ။
နောက်ဆုံးတော့ gnဟုနှုတ်ဆက်ပြီး နှစ်ယောက်သားဖုန်းချလိုက်တော့သည်။

ဟိုဘက်အိမ်က အခန်းလေးမီးပိတ်သွားတာကိုကြည့်ပြီး nikiလည်း အိပ်ရန်ပြင်ဆင်လိုက်တော့သည်။
ကျွန်တော့်ကိုအိမ်မက်ထဲထည့်မက်ပါhyungရယ် ။

'ဟဲ့ အခုတလောjungwonကလာမခေါ်တော့ဘူးကို ။ နှစ်ယောက်သားရန်ဖြစ်ထားကြတာလား ။ '

မနက်စာစားရင်းမေးလာသော noonaကြောင့် sunooမှာကော်ဖီကို တစ်ငုံသောက်၍ ....

'အခုတလော nikiလေးက လိုက်ပို့ပေးတယ်လေ ။ အဲ့ဒါကြောင့် jungwonနဲ့မသွားဖြစ်တော့တာ ။ '

My YouthWhere stories live. Discover now