4

5 0 0
                                    

ယနေ့ တွေ့ရသောniki၏ပုံစံကြောင့် sunooမှာ မှင်သက်သွားရသည် ။
အထက်တန်းကျောင်းသားဆိုသည့် ဂုဏ်ပုဒ်လေးကြောင့်လားတော့မသိ....
nikiပုံစံမှာ မနှစ်ကနှင့်မတူပဲ....တစ်ခုခုပြောင်းလဲသွားသလို ။

အင်းလေ....nikiလည်းအရွယ်ရောက်လာ
ပြီကိုး ။
jungwonပြောသလို စာပဲအာရုံစိုက်နေရင်ကောင်းမယ် ။

'hyung....ဘယ်လိုလုပ် ဒီကို ။ '

'ပထမဆုံးရက်ကို ကျောင်းလိုက်ပို့ပေးမလို့လေ ။ အားလုံးအဆင်သင့်ဖြစ်ပြီလား ။ '

အရင်လို ခေါင်းလေးပုတ်ပေးချင်ပေမဲ့လည်း ...ဒီအ‌တောအတွင်းမှာ nikiက အတော်လေး အရပ်ထွက်လာတာမို့ ...sunooခင်ဗျာ အရင်လိုခေါင်းလေးပုတ်ပေးလို့မရတော့ ။

hmm....အရပ်ရှည်ဆေးများ ခိုးသောက်နေလားမသိဘူး ။

'sunoo hyung....ကလည်းကျွန်တော်က ကလေးလည်း မဟုတ်တော့တာကို ။ '

စိတ်ထဲတွင်တော့ nikiကကြိတ်ပျော်နေပါသည် ။
sunoo hyungက သူ့ကိုဂရုစိုက်ပေးသည်မို့။
 
အဲ့လိုနဲ့ သူ့ရဲ့ပထမဆုံး ကျောင်းတက်ရက်‌‌ လေးဟာ sunoo hyungက သူ့ဖေဖေကားဖြင့်ကျောင်းလိုက်ပို့ပေးသည်။

' နောက်ရက်တွေ ကျောင်းကို ဘယ်လိုသွားမှာလဲ။ '

'ကျွန်တော် busစီးပြီးသွားလို့ရတာပဲလေ။  '

'hmm...hyungစိတ်မချလိုက်တာ ။'

' hyungကအမြဲလိုက်ပို့ပေးမယ်လေ ။ ပြီးတော့ ညနေလည်းလာကြိုပေးမယ် ။။ '

'ရပါတယ်...sunoo hyung ရဲ့ ။ ကျွန်တော်အဆင်ပြေပါတယ် ။ '

စကားသံများက အတွေးကိုယ်စီဖြင့်တိတ်ဆိတ်သွားလေတော့သည်။ 
အရင်ကတည်းက အနေအေးသော niki ကို sunooစိတ်ပူမိပါသည်။ ကျောင်းမှာလည်း အမြဲသူတို့နှင့်နေသောကြောင့်
nikiက အပေါင်းအသင်းသိပ်ရှိတာ မဟုတ်ဘူး ။

nikiတစ်ယောက်တည်း အထီးကျန်မှာလည်းစိုးရိမ်မိသည်။
jungwonကတော့ပြောပါတယ်...nikiကိုစိတ်မပူဖို့ ။ နောက်ကျ သူ့ဘာသူအဆင်ပြေသွားလိမ့်မယ်တဲ့ ။

'ကျွန်တော့်ကိုစိတ်မပူပါနဲ့ Hyungရဲ့ ။ကျွန်တော်သင်တန်းတက်နေတဲ့ နေရာမှာလေ ကျွန်တော်တို့ကျောင်းကပဲတက်တဲ့ သူတွေနဲ့ရင်းနှီးခဲ့တယ် ။ '

My YouthWhere stories live. Discover now