call ended ဖြစ်သွားသော ဖုန်းလေးအားစားပွဲပေါ်တွင် ထားကာ nikiတွေဝေနေမိသည်။
ဘာတွေကများသူ့ကိုစိတ်လေးစေတာလဲ ။
jungwon hyungကြောင့်လား...သူကဘာလို့sunooရဲ့ဖုန်းကိုကိုင်ရတာလဲ ။ဒါဆိုသူတို့က တစ်ကုတင်တည်းအတူအိပ်ကြမှာပေါ့ ။
ဘာဖြစ်လဲnikiရာ....အရင်ကလည်းသူတို့သုံးယောက်သားအတူတူအိပ်နေကြပဲကို ။
အားးးးစိတ်ရှုပ်လိုက်တာ ။ အားလုံးကိုမကျေနပ်ဘူး ။ ဖုန်းကိုင်တဲ့jungwon hyungကို မကျေနပ်သလို ....စောစောအိပ်ပျော်သွားတဲ့ sunoo hyung ကိုလည်းမကျေနပ်ဘူး ။
အိမ်ရောက်ကတည်းက ဖုန်းမဆက်မိတဲ့သူ့ကိုသူ မကျေနပ်ဆုံးပဲ ။'မေမေသားကျောင်းသွားပြီနော် ။ '
'ဟဲ့....breakfastလေးစားသွားဦးလေ။ '
'မစားတော့ဘူးမေမေရဲ့....သားနောက်ကျနေပြီ ။ ကျောင်းမှာပဲသူငယ်ချင်းတွေနဲ့ သွားစားတော့မယ် ။ '
'အေးပါ....အေးပါ။ အစားကိုမှန်မှန်စားနော် ။ '
'ဟုတ်...သွားပြီ ဘိုင့် ။ 'အလောတကြီးဖြင့်nikiပြေးနေမိသည် ။ တော်ကြာနေ busကားလွတ်သွားမှဖြင့် သူခြေကျင်နှင့်သွားနေရမည်။
မနေ့ညက အတွေးတွေလွန်ပြီး တော်တော်နှင့်အိပ်မပျော်၍ ....ဒီမနက်တော့ အိပ်ရာထနောက်ကျလေသည်။hmm....တော်ပါသေးရဲ့ ။ bus လေးမီလိုက်လို့။
လွတ်နေသော ထိုင်ခုံတစ်ခုံတွင်ဝင်ထိုင်၍ ....နားကြပ်လေးတပ်ကာ သီချင်းနားထောင်နေလိုက်သည် ။သီချင်းနားထောင်ရင်းပေါ်လာသည်က sunoo hyungမျက်နှာလေးပင် ။သူဘာဖြစ်နေပါလိမ့် ။ sunoo hyungက အခုတလောသူ့စိတ်ထဲအမြဲပေါ်လာနေတာ ။
မဟုတ်ဘူး ၂၄နာရီမှာ အိပ်ချိန်ရယ်စာသင်ချိန်ကလွဲပြီး sunoo hyung ကအမြဲစိတ်ထဲရှိနေတာ လွန်လွန်းတယ်မဟုတ်ဘူးလား။
သူ sunoo hyungကို ဒီလောက်တောင်သတိရနေတာတဲ့လား ။
ရုတ်တရက် busကားဘရိတ်အုပ်လိုက်တာကြောင့်....အတွေးတွေမှ လန့်နိုးလာရသည် ။
ဟော....သူတို့ကျောင်းရှေ့တောင် ရောက်နေပြီပဲ ။busထဲပါလာသော ကျောင်းသားလေးငါးယောက်ကဆင်းပြီမို့ သူလည်း ဆင်းလိုက်လေသည် ။
တော်ပါသေးရဲ့....သူတို့ပါလို့ ။ မဟုတ်ရင် သူဘယ်အထိအတွေးလွန်ပြီး busကားစီးနေမည်မသိပေ။
hmmm...sunoo hyung က တကယ်အန္တရာယ်များပါလား ။

YOU ARE READING
My Youth
Fanfikce'Hyungက ကျွန်တော်ရဲ့ မရှိမဖြစ်လေးပါ...' 'ငါ့မှာဆိုးချင်တိုင်းဆိုးခွင့်ရတာဆိုလို့ မင်းပဲရှိတာ' 'ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို မချစ်မိတဲ့သူ ဘယ်သူများရှိမှာတဲ့လဲ '