Extra

78 2 1
                                    

Jungwon POV:

အတူလက်တွဲ၍ ထွက်သွားကြသော ကောင်လေးနှစ်ယောက်ကိုကြည့်၍ jungwon ပြုံးလိုက်မိသည်။
အထူးသဖြင့် သူ့သူငယ်ချင်းလေးရဲ့ မျက်နှာထက်ကအပြုံးလေးတွေပေါ့ ။
အေးချမ်းပြီး အချစ်တွေပေါ်လွင်နေလိုက်တာ ။သူ့အတွက်မဟုတ်တာလေးတစ်ခုပါပဲ ။

'မပင်ပန်းဘူးလား jungwonie '
ပြတင်းပေါက်အနားတွင် ထိုင်၍ လမင်းကြီးကိုငေးနေသော သူ့ညီလေးကို minwon မေးလိုက်သည်။
အခုချိန် သူ့ညီလေးစိတ်ထဲ ဘာတွေတွေးနေလောက်မလဲ ။
သူငယ်ချင်းအရင်းကြီးကိုမှ ချစ်မိတဲ့ သနားဖွယ်သူ့ညီလေးပါလေ။

Hyungမေးသော အမေးကို jungwon နားလည်ပါသည်။ ထို့ကြောင့် Hyung ကိုပြုံးပြ၍ ....
'ကျွန်တော်နေတတ်သွားပါပြီ Hyung ရဲ့ ။ ' ဟုဖြေလိုက်သည်။

ဟုတ်တယ်....သူဒီခံစားချက်ကြီးနဲ့ နေသားကျသွားပြီ ။ ဘယ်လိုပြောရမလဲ 'နာကျင်မှုနဲ့အတူ ရှင်သန်ခြင်း'လို့ အမည်တပ်ရမလား ။ ဒါပေမဲ့လည်း လက်လွှတ်လိုက်ဖို့ကျ သူငယ်ချင်းနဲ့အတူနေရတဲ့ ပျော်ရွှင်မှုတွေက ဒုနဲ့ဒေးရှိသေးတာလေ။

သူငယ်ချင်းတစ်ယောက်ကိုချစ်မိလို့ဆိုပြီး လက်လွှတ်လိုက်တဲ့သူတွေရှိဖူးလို့လား။
ရှိခဲ့ရင်လည်း သူကတော့လက်မလွှတ်ဖို့ကိုပဲ ရွေးချယ်နေမိဦးမှာ ။ အဲ့ဒီသူငယ်ချင်းက ကိုယ့်ကိုရှိစေချင်နေသရွေ့ပေါ့ ။

'hmmm....sunooကသာငါ့ညီ‌လေးကိုပြန်ချစ်နိုင်မဲ့ဆေးရှိရင် ဘယ်လောက်ကုန်ကုန်ငါဝယ်ပေးပါတယ်'
jungwonပုခုံးကိုအားပေးသလိုပုတ်၍ minwon hyungကတော့ ထွက်သွားလေပြီ။

ဟုတ်ပနော်....အဲ့လိုဆေးများ လောကမှာရှိခဲ့ရင် သူလည်း ကမ္ဘာအနှံ့ပတ်ပြီးရှာကြည့်လိုက်ချင်ရဲ့ ။

တခါတလေjungwonတွေးမိသည်။
အကယ်၍များ သူတို့ဘဝထဲnikiသာရောက်မလာခဲ့ရင် sunooရဲ့ရွေးချယ်မှုက ဘယ်လိုဖြစ်နေလောက်မလဲ ။
သူနဲ့ပဲသက်ဆုံးတိုင်နေသွားလေမလား ၊ ဒါမှမဟုတ် sunooချစ်ရသူနောက်တစ်‌ယောက်ထပ်ပေါ်လာလေမလား ။
မဖြစ်နိုင်မှန်းသိပေမဲ့ အဲ့လိုအတွေးလေးတော့ သူ့မှာအမြဲရှိနေခဲ့ပါရဲ့ ။

sunooရဲ့noonaအကြံပေးခဲ့သလို သူသာ ‌sunooကို  ဖွင့်ပြောခဲ့မယ်ဆိုရင်ရော အခြေအနေက တစ်မျိုးတစ်ဖုံပြောင်းသွားနိုင်ခဲ့မလား ။
ဒါမှမဟုတ် အခြေအနေတွေက ဒီထပ်ဆိုးပြီး သူတွေးခဲ့သလို သူတို့ဆက်ဆံရေးက ပျက်စီးသွားလေမလား ။
အဲ့ဒီအချိန်တွေတုန်းက jungwonဟာ သတ္တိနည်းခဲ့ပြီး noonaအကြံပေးသလို sunoo ကိုဖွင့်မပြောခဲ့ပါဘူး ။
သူတို့သူငယ်ချင်းသံယောဇဉ်လေးပျက်စီးသွားမှာလည်းကြောက်ခဲ့လို့ပေါ့ ။

တကယ်လို့ အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရရင် အနည်းဆုံးတော့ noona ပြောသလို သူsunooကိုသဘောကျကြောင်း ဖွင့်ပြောကြည့်ချင်ပါရဲ့ ။
အခုချိန်မှာတော့ အဲ့လိုအတွေးက နောက်ကျသွားပေမဲ့လည်းပေါ့လေ ။

ဒါပေမဲ့ အခုအခြေအနေကိုလည်း သူကျေနပ်ပါတယ် ။
ကိုယ်ဟာ သူ့အနားမှာအမြဲရှိနေရပြီး ၊ ကိုယ်ချစ်ရသူဟာ သူချစ်ရသူနဲ့ ပျော်ရွှင်နေတာပဲလေ ။
သူပျော်နေရင်ပဲ ကိုယ်စွန့်လွှတ်လိုက်ရတာက ထိုက်တန်နေပါပြီ ။

အမြဲပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နဲ့ နင့်ပုံစံအတိုင်းပဲနေပါ sunooရယ် ။
ပျော်ချင်တဲ့အချိန်မှာ ပျော်လိုက်ပြီး ၊ ငိုချင်တဲ့အချိန်မှာ အားရပါးရငိုလိုက်ပါ ။
ငါဟာမင်းပြောသလို မင်းရဲ့အဆိုးအကောင်းအခြေအနေတိုင်းမှာ အမြဲရှိနေပေးမဲ့ သူငယ်ချင်းလေးတစ်ယောက်ပါ ။

                                             Yang Jungwon

                         BYE BYE





My YouthWhere stories live. Discover now