jungwonတို့အိမ်မှ ထွက်ခဲ့ပြီး သူတို့လည်း အိမ်ကိုမပြန်သေးပဲ လျှောက်သွားနေကြသည်။
ညဘက်ဆိုပေမဲ့ မြို့ထဲကလူစည်နေသည်မို့
ပျော်ဖို့တော့ကောင်းသား ။
ပြီးတော့ နှစ်ယောက်သား လက်ချင်းတွဲလျက် လျှောက်သွားရသည်မှာ ပျော်ဖို့ကောင်းသည်။အခုတလော သူတို့နှစ်ယောက်လုံး အလုပ်တွေရှုပ်နေသည်မို့ နှစ်ယောက်သားအတူတွေ့ရသည့်အချိန်က ရှားလှ၏ ။
Nikiက မနက်စောစောကျောင်းသွားပြီး ညနေလောက်မှ ပြန်ခဲ့သည်။
တခါတရံ သင်တန်းမှာ စားခဲ့ပြီးပြီဟုဆိုကာ ထမင်းလည်းလာမစားတတ် ။
နေ့တိုင်းကြီးကျ သူ့မိဘတွေကို အားနာ၍လည်း ထင်ပါရဲ့လေ ။
အဲ့လိုအချိန်တိုင်း sunooက ထမင်းထည့်ကာ Nikiအိမ်ကို သွား၍ အတူစားဖြစ်ကြသည်။ပြီးတော့ သူတို့တွေ အခုရက်ပိုင်း ဒိတ်မလုပ်ဖြစ်တာလည်းကြာပြီ။
ဒါကြောင့် ဒီညလေးကို Niki နှင့်အတူ Night out dateလုပ်ပြီး အတူတူကုန်ဆုံးကြမည် ။'အေးနေလား hyung '
သူ့လက်ကလေးကို ဆုပ်ကိုင်၍ မေးလာသော nikiကြောင့် sunooလည်း ပြန်ပြုံးပြလိုက်ကာ ခေါင်းခါလိုက်သည်။ညလေအေးလေးက အနည်းငယ်တိုက်ခတ်နေပေမဲ့ သူဝတ်ထားသော လက်ရှည်အင်္ကျီကြောင့် အအေးငွေ့ကို သိပ်မခံစားရပါလေ ။
ပြီးတော့ nikiရဲ့ လက်နွေးနွေးက သူ့ကိုနွေးထွေးစေပါသည်။nikiအ ကြောင်းတွေးရင်း တွေးရင်း အသည်းယားလွန်း၍ သူ့လက်ဖမိုးလေးတွေကို အနမ်းပေးလိုက်၏ ။
ထိုအခါ nikiက ရယ်လျက်....
' ကျွန်တော့်လက်ကို အဲ့လောက်တောင် သဘောကျတယ်ပေါ့ ''ဒါပေါ့....hyungက nikiလေးရဲ့ အရာရာတိုင်းကို သဘောကျတယ် ။ nikiက ဘာလို့အဲ့လောက်တောင် ချစ်ဖို့ကောင်းနေရတာလဲဟင်။ ဘာမှမလုပ်ပဲ ဒီအတိုင်းလေးနေလည်း ချစ်ဖို့ကောင်းတယ် ။ '
sunoo ရဲ့ အပြောကြောင့် nikiတစ်ယောက်သဘောကျစွာရယ်နေမိသည်။
အရင်တုန်းကဆို ရှက်နေတဲ့nikiလေးကို တွေ့ရလောက်ပေမဲ့ အခုတော့ အဲ့ဒီလို အမြဲချီးကျူးပေးတတ်တဲ့ sunoo hyungကြောင့် သူလည်းကျင့်သားရနေခဲ့ပြီ ထင်ပါရဲ့ ။

YOU ARE READING
My Youth
Fanfiction'Hyungက ကျွန်တော်ရဲ့ မရှိမဖြစ်လေးပါ...' 'ငါ့မှာဆိုးချင်တိုင်းဆိုးခွင့်ရတာဆိုလို့ မင်းပဲရှိတာ' 'ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို မချစ်မိတဲ့သူ ဘယ်သူများရှိမှာတဲ့လဲ '