'ဘယ်သွားမှာလဲ'
ရုတ်တရက်ထသွားသော sunooကို jungwon က မေးလိုက်သည်။
'nikiက လာနေပြီတဲ့ ...သွားကြိုမလို့ ။ '
ခပ်ပြုံးပြုံးဖြစ်ပြောလာသော sunooက ခုန်ပေါက်၍ ခြံရှေ့ကို ထွက်သွားလေပြီ။
အင်းလေ သူလည်း သူ့ရည်းစားကို လွမ်းနေရောပေါ့ ။sunooဟာ ခြံရှေ့တွင် ထိုင်၍ nikiအလာကို မျှော်နေမိသည်။
၂မိနစ်လောက် စောင့်လိုက်ပြီးနောက် nikiကဆိုင်ကယ်စီး၍ ရောက်လာသည်မို့ ထရပ်လိုက်ပြီး niki၏ လက်မှ ပါဆယ်ထုပ်များအား လွှဲပြောင်းယူလိုက်သည်။'ဗိုက်ဆာနေပြီလား sunoo hyung ။ sorryနော် ကျွန်တော်နည်းနည်းနောက်ကျသွားတယ် ။ '
'နောက်မကျပါဘူး ။ နေကပူနဲ့ ပင်ပန်းနေပြီလား nikiလေး ။ '
'ခုနထိတော့ ပင်ပန်းတယ်။ဒါပေမဲ့ hyungမျက်နှာလေးကို လှမ်းတွေ့ရလို့ ပင်ပန်းနေတာတွေ ပျောက်သွားပြီ ။ '
'အပိုတွေ ' ဟုဆိုပြီး sunooက ဘေးနားကရွက်လှလေးတွေကို တတိတိဖြင့် ဆိတ်နေလိုက်သည်။
jungwonသာတွေ့ရင် လှမ်းအော်မှာသေချာတယ် ။'ဝင်ရအောင်လေ niki '
'မဝင်တော့ဘူး hyung ၊ ခဏနေ ဟိုကောင်တွေ အိမ်လာမှာမို့ ပြန်ရတော့မှာ ။ '
'အင်းပါ....ဒါဆို ဂရုစိုက်သွားနော် ။ '
ဖြစ်နိုင်ရင် ခဏလောက်ဖြစ်ဖြစ် နေစေချင်ပါရဲ့ ။ ဒီမျက်နှာလေးကို ဘယ်လောက်တောင်သတိရနေသလဲ ။
ဝမ်းနည်းသွားပုံရသောsunooကိုကြည့်ကာ nikiဟာ sunooရဲ့ လက်ကလေးကို ဆွဲကိုင်လျက် ....
'ဒါပေမဲ့...ခဏလောက်တော့ နေလို့ရပါတယ် ။ ကျွန်တော်တို့ လမ်းလျှောက်ကြမလား sunoo hyung ။ ''ဟင်....အဲ့လိုရလား ။ ခဏလေးနော် hyungဒါတွေသွားထားလိုက်ဦးမယ် ။ '
သူ့လက်ထဲက nikiဝယ်ခဲ့သော အစားအစာများကို သွားထားရန် sunooက ပြန်ဝင်သွားသည် ။
ပြီးနောက် သွားရအောင် ဟုဆိုကာ nikiလက်ကို တွဲ၍ လမ်းလျှောက်ခဲ့ကြလေသည်။ဘယ်ကိုသွားမယ်ဆိုပြီး ဦးတည်ချက်ရှိမနေပေမဲ့ nikiနဲ့သာဆို ဘယ်ဖြစ်ဖြစ် sunooအဆင်ပြေပါသည်။
YOU ARE READING
My Youth
Fanfiction'Hyungက ကျွန်တော်ရဲ့ မရှိမဖြစ်လေးပါ...' 'ငါ့မှာဆိုးချင်တိုင်းဆိုးခွင့်ရတာဆိုလို့ မင်းပဲရှိတာ' 'ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို မချစ်မိတဲ့သူ ဘယ်သူများရှိမှာတဲ့လဲ '