' sunoo hyung 'မိမိနာမည်ခေါ်သံအားကြား၍ sunooလှည့်ကြည့်လိုက်သည်။
ပြေးလာသောကြောင့် မောနေပုံရသော nikiက အသက်ရှုမြန်လျက် ချွေးလေးတွေ စို့နေ၏ ။
ရုတ်တရက် မိမိအား ပြေးဖက်လာသော nikiကြောင့် sunooမှာ ကြောင်သွားသည်။
'.phoneဆက်တုန်းက ကျွန်တော်ဖြင့်စိတ်ပူသွားတာပဲ ။ ဘာမှမဖြစ်ဘူးမလား sunoo hyung '
မိမိခန္ဓာကိုယ်အား စစ်ဆေးနေသော niki
က မသိရင် အစ်ကိုကြီးတစ်ယောက်လို ။'ဘာမှမဖြစ်ပါဘူး ....ငါဗိုက်ဆာလို့ ဒီမှာ မုန့်လာစားနေတာ ။ ဟဲဟဲ....ဒါနဲ့ niki ....ငါ့ကိုပိုက်ဆံလေးချေးဦး ။ ဗိုက်ဆာဆာနဲ့စားလိုက်တာ နောက်မှပိုက်ဆံမပါခဲ့မှန်း သတိရလို့ ။ '
ငါးအူချောင်းအား ပလုတ်ပလောင်းစားကာ ပြောလာသော sunoo hyungက ကလေးလေးအတိုင်းပင် ။
ထို့ကြောင့် မိမိကို အမြန်လာခဲ့ရန်ပြောသည်တဲ့လား ။nikiလည်း sunooခေါင်းလေးအား ပုတ်လျက် sunoo hyung က ကလေးလေးပဲ ဟုဆိုကာ ပိုက်ဆံရှင်းပေးလိုက်လေ၏ ။
huh...ဒီကလေးဟာလေ သူ့ကိုယ်သူကျ လူကြီးမှတ်နေသလား မသိ ။
အရပ်ရှည်တာလေး တစ်ခုတည်းကိုများ။
ဒါပေမဲ့လည်း မိမိခေါင်းကို ပုတ်ပေးတာ သဘောကျပါသည်။ပိုက်ဆံရှင်းပြီးနောက် sunooလည်း nikiဦးဆောင်ရာနောက်သို့ လိုက်သွားရတော့သည်။
သူ့လက်ကိုတွဲထားသော nikiအား နံဘေးမှ ကြည့်၍ sunoo၏မျက်နှာထက်တွင် အပြုံးပန်းလေးတွေပွင့်လန်းလို့ ။nikiကတော့ sunooလက်ကို လက်တစ်ဖက်ကတွဲထားရင်း jungwonကိုဖုန်းခေါ်နေပုံရသည်။
မသိရင် ပွဲခင်းထဲ ပျောက်သွားသော ကလေးအားပြန်တွေ့လိုက်သည့်ပုံစံပင်။
'အင်း...တွေ့ပြီ hyung ၊ ကျွန်တော်တို့ကို ခန်းမဝင်ပေါက်ကနေ စောင့်နေလိုက်နော် ။ အဲ့ကိုလာခဲ့မယ် ။ 'nikiက ဖုန်းချပြီးနောက် မိမိဘက်ကိုလှည့်လာကာ...
'jungwon hyungကိုစိတ်ဆိုးနေတာလား ။ ''im...အစကတေ့ာ စိတ်ဆိုးတယ် ။ အခုတော့ မဆိုးတော့ပါဘူး ။ သူ့ကြောင့်မှမဟုတ်တာကို ။ '
'jungwon hyungက စိတ်ပူနေတာကို ။ ယူနာ တို့အဖွဲ့ပဲမလား ။ '
ထိုမိန်းကလေးများကို niki သိပါသည်။ ယူနာဆိုသော ထိုကောင်မလေးက jungwon hyungကို ကြိုက်နေတာ အားလုံးအသိပင် ။
YOU ARE READING
My Youth
Fanfiction'Hyungက ကျွန်တော်ရဲ့ မရှိမဖြစ်လေးပါ...' 'ငါ့မှာဆိုးချင်တိုင်းဆိုးခွင့်ရတာဆိုလို့ မင်းပဲရှိတာ' 'ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို မချစ်မိတဲ့သူ ဘယ်သူများရှိမှာတဲ့လဲ '