sunoo hyung က အပြင်ထွက်ခဲ့ရန် ဖုန်းဆက်ထားသည်မို့ nikiလည်း အနွေးထည်အား ထပ်ဝတ်ကာ sunoo hyungကို စောင့်နေလိုက်သည်။
ဒီဇင်ဘာလကိုရောက်လာပြီမို့ ရာသီဥတုက ပို၍အေးလာသလို တခါတရံ နှင်းလည်းကျတတ်သေးသည်။အခုဆို sunooနှင့် ချစ်သူဖြစ်သည်မှာ တစ်ပတ်တောင်ရှိတော့မည် ။
အချိန်တွေက မြန်လိုက်တာ ။ ချစ်သူနဲ့
အိမ်နီးချင်းဖြစ်ရခြင်းရဲ့ ကောင်းတာတစ်ခုက ပြေးတွေ့ချင်တိုင်း ပြေးတွေ့လို့ရသည်ပင် ။
ကျောင်းကိုလည်းလိုက်ပို့ပေးပြီး ....ကျောင်းပြန်လည်း nikiက တခါတလေ မရရအောင် အချိန်ညှိ၍ sunoo hyung ကို ကြိုပေးဖြစ်သည်။ဘယ်လိုလုပ်မလဲ သူမှ သူ့hyungကို မတွေ့ရပဲ မနေနိုင်တာ ။
ပြီးတော့ sunooတို့ကျောင်းက လူတိုင်းကိုလည်း သူဟာsunooရဲ့ သက်ဆိုင်သူဖြစ်ကြောင်း သိစေချင်ပါသည်။ထိုအချိန်တွင် အနွေးထည်ထူထူဝတ်၍ ကျောပိုးအိတ်ကိုလည်း လွယ်ကာ သူ့အိမ်ဘက်ကို လျှောက်လာနေသော sunooကြောင့် nikiလည်း sunooရှိရာကို လှမ်းလျှောက်လိုက်လေသည်။
'အကြာကြီးစောင့်လိုက်ရလား niki ။ hyungထမင်းစားနေလို့ နည်းနည်းနောက်ကျသွားတာ ။ '
'မစောင့်လိုက်ရပါဘူး hyungရဲ့ ။ '
အနွေးထည်ထူကြီးကြောင့် လုံးတစ်တစ်ဖြစ်နေသော ထိုလူသားလေးအား ပွေ့ဖက်၍ သူ့ရင်ခွင်ထဲ မြုပ်နေအောင်ဖက်ထားလိုက်သည်။မတွေ့ရတာ နေ့ဝက်လေးပဲရှိသေးတာကို ဘယ်လောက်တောင်လွမ်းနေလိုက်ရလဲ ။
သူ့မှာ ဘာလုပ်လုပ် ဒီhyungကို သတိနေရတာ ။'sunoo hyungက လွယ်အိတ်ကြီးနဲ့ ကျွန်တော့်အိမ် စာလာကျက်မလို့လား ။ '
စာကြည့်မလားဟူသော nikiအမေးကြောင့် sunooဟာ နှာခေါင်းလေးရှုံ့လျက် ....
'မဟုတ်ပါဘူး....ဒီပိတ်ရက်တော့ jungwonအိမ်သွားမလို့ ။ မသွားခင်လေး nikiကို တွေ့ချင်လို့ ခေါ်လိုက်တာ ။ ''sunoo hyungကလည်း...အဲ့ဒါဆို ကျွန်တော်ကရော ။ ကျွန်တော်တော့ လွမ်းနေရတော့မှာပဲ ။ '
'nikiကလည်း...hyungက နှစ်ရက်လောက်ပဲ သွားနေမှာပါ ။ hyung ကို လွမ်းရင် ဖုန်းဆက်ပေါ့ ။ ဒါမှမဟုတ်လည်း လာလည်ပေါ့ nikiလေးရဲ့ ။ '

YOU ARE READING
My Youth
Fanfiction'Hyungက ကျွန်တော်ရဲ့ မရှိမဖြစ်လေးပါ...' 'ငါ့မှာဆိုးချင်တိုင်းဆိုးခွင့်ရတာဆိုလို့ မင်းပဲရှိတာ' 'ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို မချစ်မိတဲ့သူ ဘယ်သူများရှိမှာတဲ့လဲ '