နိုးစက်သံကြောင့် sunoo အိပ်နေရာမှ ဖုန်းအားလှမ်းယူကာ ပိတ်လိုက်လေသည်။
၃နာရီသွားရမှာမို့ ၂နာရီနှိုးစက်ချထားခြင်းဖြစ်သည်။
မဟုတ်ရင် ဒီမနက်လို ပျာယိပျာယာဖြင့် သွားရဦးမည်မဟုတ်လား ။အိပ်ရေးဝလို့လားမသိ စိတ်လေးလည်းနည်းနည်းကြည်လာသည်။
အိပ်ရာကထပြီးနောက် လန်းသွားအောင် ရေချိုးလိုက်ပြီး ဘာဝတ်ရင်ကောင်းမလဲဟုစဉ်းစားနေလိုက်သည် ။နောက်တော့ ပေါပေါ့ပါးပါးအဝတ်အစားလေးအား ရွေးဝတ်ကာ ဆံပင်အားသေချာလေးသနေလိုက်၏ ။
ထို့နောက် jungwonကိုဖုန်းဆက်ပြီး သူလာခေါ်မည့်အချိန်ကိုစောင့်နေလိုက်သည်။'မား....ဒီညအိမ်ပြန်နောက်ကျမှာနော် ။ တော်ကြာကျွန်တော့်ကိုစိတ်ပူနေမှာစိုးလို့ ။ '
အိမ်စောင့်အဖြစ်ကျန်ခဲ့သော မားအား sunooကလှမ်းပြောလိုက်လေသည်။
'jungwonနဲ့အတူသွားမှာမလား ။ '
'ဟုတ်...သူလာခေါ်မှာ ။ '
'အေ...အေ...အိမ်ကိုပြန် အိပ်မအိပ်သာဖုန်းဆက်ခဲ့ ။ '
အကြောင်းသိနေပြီဖြစ်သော မားကထိုသို့သာပြောတော့သည်။
ဟုတ်ပါသည်....sunooက jungwonတို့အိမ်သွားတတ်ပြီး တခါတရံဆို ညပါအိပ်တတ်သည်မို့ မားကပြောခြင်းပင် ။sunooအိမ်ကလည်း jungwonနှင့်ဆို အမြဲစိတ်ချပြီး ဘယ်သွားသွားလွှတ်တတ်သည်။
ထို့ကြောင့် တခါတရံ sunoo ဂိမ်းဆိုင်သွားချင်ရင် jungwonနာမည်ကို ပြောပြီး သွားတတ်ပါသည်။jungwonအိမ်သွားမလို့ ။ jungwonနဲ့ချိန်းထားလို့ ။ jungwonနဲ့လျှောက်လည်မလို့။
အဲ့လိုတွေပေါ့ ။'တီ....တီ '
မားနဲ့စကားပြောနေရင်း ကြားလိုက်ရသော ဟွန်းတီးသံကြောင့် jungwonရောက်နေပြီမှန်းသိလိုက်သည်
။
ထို့ကြောင့် မားအားနှုတ်ဆက်ကာ ကျောင်းဆီသို့ နှစ်ယောက်သား မောင်းထွက်ခဲ့ကြလေသည်။ယနေ့ကျောင်းပွဲတော်ကားစည်ကားလှပါသည်။
ယခုလက်ရှိတက်နေကြသော ကျောင်းသူကျောင်းသားများအပြင် ကျောင်းသူကျောင်းသားဟောင်းများ နှင့် တခြားကျောင်းမှလူများလည်း လာကြသောကြောင့် အတော်စည်ကားလှပါ၏ ။
YOU ARE READING
My Youth
Fanfiction'Hyungက ကျွန်တော်ရဲ့ မရှိမဖြစ်လေးပါ...' 'ငါ့မှာဆိုးချင်တိုင်းဆိုးခွင့်ရတာဆိုလို့ မင်းပဲရှိတာ' 'ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို မချစ်မိတဲ့သူ ဘယ်သူများရှိမှာတဲ့လဲ '